84

3.7K 779 39
                                    

Unicode

အားယွင် ထွက်သွားပြီ။

ချိပ်စည်းဖြေပေးလိုက်တဲ့ ပထမဆုံးရက်မှာတင် ထွက်သွားခဲ့ပြီ။

သူ့အပေါ် အလုံးစုံ ယုံကြည်လိုက်မိတဲ့အချိန်မှာပဲ ထွက်သွားခဲ့ပြီ။

ရှန်ရွှိန်ယန်းသည် သူ၏စိတ်စွမ်းအင်ကို နန်းတော်တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်ကာ ခြူးမုယွင်၏ အငွေ့အသက်လေးကို အလျော့မပေးတမ်း ရှာဖွေနေခဲ့ပါ၏။

အိပ်ဆောင်မှာ မရှိဘူး..!

အနောက်ဘက်ဥယျာဉ်ထဲမှာရော…

တောင်ပေါ်ရေကန်…

နေရာတိုင်းမှာ သူ့ရဲ့အရိပ်အယောင်ကို ရှာမတွေ့တော့ဘူး..!

ရှန်ရွှိန်ယန်းတစ်ယောက် နန်းတော်အရှေ့တံခါးဝ အဖြူရောင်ကျောက်လှေကားထက်တွင် ခြေစုံရပ်နေခဲ့သည်။ ဝတ်ရုံရှည်သည် လေနှင့်အတူ လွင့်မျောလျက်။ ခန့်ညားလှပသော မျက်နှာလေးထက်တွင် ခံစားချက်အားလုံး ပျောက်ဆုံးသွားခဲ့ချေပြီ။

တွေးကြည့်ရုံဖြင့်ပင် အရာအားလုံးကို နားလည်သွားခဲ့သည်။

သူ့ကို ထပ်ပြီးလှည့်စားသွားတာ၊ သစ္စာဖောက်သွားတာ သူ့ရဲ့ရူးမိုက်မှုကို လှောင်ပြောင်သွားတာပဲ..!

နာခံချင်ယောင်ဆောင်ခဲ့တယ်။ ချစ်ချင်ယောင်ဆောင်ခဲ့တယ်။ သူ့အပိုင်လို ဟန်ဆောင်ခဲ့တယ်။ ဒါတွေအားလုံးက သူ့ကို ထားရစ်ခဲ့ဖို့တဲ့လား။ ဘာကြောင့်များ ထွက်သွားရက်တာလဲ..?

ရှဲ့ချင်းလန်..!

အစကနေအဆုံးအထိ အားယွင်ရဲ့ နှလုံးသားထဲမှာ ရှဲ့ချင်းလန်တစ်ယောက်ပဲ ရှိနေခဲ့တာပေါ့..!

အဲ့လူဆီကို ပြန်သွားနိုင်ဖို့အတွက် အရာအားလုံး ပေးအပ်ခဲ့တယ်။ လူတစ်ယောက် စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်တရားရော၊ ဂုဏ်သိက္ခာရော၊ အရာအားလုံးကို ဆုံးရှုံးခံခဲ့တယ်။

ဒါတွေအားလုံးက ရှဲ့ချင်းလန်ဆီ ပြန်သွားဖို့တဲ့လား..!?

ရှန်ရွှိန်ယန်းအနေဖြင့် ဤမျှအထိ မမုန်းတီးခဲ့ဖူးပေ။ သွေးကြောတစ်လျှောက် တလိမ့်လိမ့်အုံ့ကြွလာသော ဒေါသတရားသည် သူ့အား အရှင်လတ်လတ် မီးလောင်တိုက်နေသလို၊ အမုန်းတရားများက စိတ်ဝိဉာဉ်အထိပင် စိမ့်ဝင်သွားရပြီး သူ့ကို စိတ်လွတ်သွားစေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now