92

3.9K 799 43
                                    

Unicode

ဒါပေါ့ ခြူးမုယွင်က ဘယ်သေပါ့မလဲ။ ရှန်ရွှိန်ယန်းကို Propose မလုပ်ရသေးသလို ‘ရမ္မက်’ အဆိုးအဆာလေးကိုလည်း ချစ်တတ်အောင် မသင်ပေးရသေးဘူးလေ။ အဲ့တော့ သူဘယ်သေနိုင်ဦးမှာလဲ..?

ခြူးမုယွင်က လှလှပပလေး အိပ်စက်နေရုံသာ။

“အစုတ်အပြတ်ခန္ဓာကိုယ်.. အသက်တစ်ခါရှူရတာ ရေစုပ်တင်နေရသလိုပဲ.. အဲ့တာနဲ့တင် သေတော့မယ်..”

(TN : pump နဲ့ လေချူပြီး ရေစုပ်တင်နေရသလိုမျိုး မြင်ယောင်ကြည့်ပါကုန်။)

သို့သော် ကံတရားက မျက်နှာသာပေးလာ၏။

ခြူးမုယွင် : “Zero လေး..?”

Zero : “[photo] [photo] [photo] [photo]…”

ခြူးမုယွင် : “emoji တွေ အကုန်ပို့ပြီး ငိုချင်းချတော့မလို့လား..?”

Zero : “ဒါ… ဒါအစပဲရှိသေးတာ.. အကုန်ပို့ဖို့ဆို 36,815 ခုတောင် ကျန်သေးတယ်..”

ခြူးမုယွင် : “…………”

Zero : “…TAT, QAQ, o(╥﹏╥)o, (ó﹏ò)...”

ခြူးမုယွင် : “တော်တော့..!”

Zero လေးက နှာတရှုပ်ရှုပ်လုပ်နေတော့သည်။

ခြူးမုယွင်က ချောင်းဟန့်လိုက်ကာ..

“ရှန်ရွှိန်ယန်းရဲ့ပုံတူပန်းချီ မီးလင်းလာပြီလား..?”

Zero : “လင်းလာပြီ..”

ခြူးမုယွင် : “ဘယ်နှစ်ထောင့် မီးလင်းလာလဲ..?”

Zero : “အကုန်လုံးပဲ..”

ခြူးမုယွင်လည်း စိတ်ကျေနပ်သွားတော့သည်။

အနစ်နာခံရကျိုးနပ်သားပဲ..!

သို့သော် လက်ရှိအချိန်မှာ Propose လုပ်၍မရသေးပေ။ ချက်ချင်းကြီး Propose လုပ်လိုက်လျှင် သူ့ရဲ့ သေအံ့ဆဲဆဲ အခြေအနေကြောင့် ရှန်ရွှိန်ယန်း တွေဝေသွားလိမ့်မည်။

အခုမှ ချစ်တတ်ရုံလေး ရှိသေးတာကို။ မင်္ဂလာခန်းမထဲ တန်းဝင်ရမှာလား..? ရှန်ရွှိန်ယန်းတစ်ယောက် ပျော်ရမယ့်အစား သေအောင်လန့်သွားလိမ့်မယ်..!

ပြီးတော့ ‘ရှန်ယွင်’ရဲ့ ဇာတ်ကောင်စရိုက်နဲ့လည်း မကိုက်ညီဘူးလေ။ ‘ရှန်ယွင်’ လိုချင်တာက ရှန်ရွှိန်ယန်း ပျော်ရွှင်နေဖို့ပဲ။ ကိုယ်ကျိုးမစွက်တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့။ အဲ့လိုလူက သေခါနီးဆဲဆဲမှာ ချစ်ရတဲ့သူကို ‘လက်ထပ်ခြင်း’ဆိုတဲ့ အနှောင်အဖွဲ့နဲ့ ချည်နှောင်ခဲ့ပါ့မလား..? လုံးဝအဓိပ္ပါယ်မရှိဘူး..!

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now