53

4.9K 982 91
                                    

Unicode

အဆုံးမှာတော့ သားရဲငယ်လေးသည် စိတ်အာရုံထွေပြားခြင်းဆေးလုံးကို သောက်လိုက်ရချေပြီ။

‘မာန’၏နှုတ်ခမ်းထောင့်သည် ခပ်ယောင်ယောင် ကော့ညွတ်သွားပြီး ‘မနာလိုခြင်း’မှာတော့ မျက်နှာတစ်ခုလုံး သုန်မှုန်သွားခဲ့၏။

တစ်ယောက်က ပျော်ရွှင်နေပြီး ကျန်တစ်ယောက်က ထိုသို့မဟုတ်ပေ။ သို့သော် သူတို့နှစ်ဦးလုံးတွင် ရှေ့ဆက်လုပ်မည့် ကိုယ်ပိုင်အကြံအစည်များ ရှိနေမည်မှာ သံသယဖြစ်စရာမလိုအောင်ပင်။

မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် အဆုံးသတ်မဟုတ်၊ အစပြုခြင်းသာ ဖြစ်သည်။

သို့သော် သတိလစ်နေရာမှ နိုးထလာသော သားရဲငယ်လေးသည် အသံများ ကွဲအက်ပြာဝေလာသည်အထိ အော်ဟစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။

“အဖေ..!”

စကားလုံးနှစ်လုံးသာ။

နူးညံ့ပျော့ပျောင်းသည်။ အနည်းငယ် အလျင်လိုနေသလို လေသံပြင်ပြင်းဖြင့် ပြောလိုက်သော ထိုအသံလေးကြောင့် လူတိုင်း ကျောက်ရုပ်ဖြစ်သွားရ၏။

သူ့ရဲ့ရင်ခွင်ထဲမှ ရေခဲဝိဉာဉ်သားရဲလေးက သူ့အား ‘အဖေ’ဟု ခေါ်ဆိုလာသည်။

ဤသည်မှာ… သားရဲငယ်လေးသည် လက်ရှိဘဝ၏မှတ်ဉာဏ်များ ပျောက်ကွယ်သွားပြီး အတိတ်ဘဝမှ မှတ်ဉာဏ်များ ပြန်လည်ရရှိလာခဲ့သည့် သဘောမဟုတ်ပါလား။

ထိုသို့ဆိုလျှင်….

မော့ကျိုးရှောင်၏ နှလုံးသားတစ်ခုလုံး အေးစိမ့်သွားခဲ့သည်။ ချက်ချင်းဆိုသလို သတိကပ်ကာ ခြူးမုယွင်အား အသံတိတ် ပွေ့ဖက်ထားမိ၏။

ထိုလူသားလေး မသေခင်ပြောသွားခဲ့သော စကားလုံးများကို သူ့ရဲ့ဘဝတစ်လျှောက် ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပေ။ အရာအားလုံး သတိပြန်ရသွားသည့်အချိန် ပြန်လည်ပြင်ဆင်၍မရနိုင်သောကိစ္စမျိုး ထပ်မံလုပ်ဆောင်သွားမည်ကို သူစိုးရိမ်ပါသည်။

သို့သော် မော့ကျိုးရှောင် စိုးရိမ်နေသမျှ ဖြစ်မလာခဲ့ပါချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now