126

3K 636 58
                                    

Unicode

သောင်းကျန်းနေသော ထိုအတွဲသည် သာမာန်အတွဲပင်မဟုတ်၊ ယောက်ျားနှစ်ယောက် ဖြစ်နေခဲ့လေ၏။

ခြူးမုယွင်တစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ ခွေးဝံပုလွေလေးနှင့် ချစ်တင်းနှောရန် အမှန်ပင် မတွေးထားခဲ့ဖူးချေ။

သို့သော် ယခုတော့ အနှီတိုက်ရိုက်ထုတ်လွှင့်မှု (Live) ကြောင့် မသင်ကြားဘဲနဲ့ တချို့အရာများ တတ်မြောက်သွားနိုင်လောက်သည်။ နှစ်ယောက်လုံး ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ဘာဘာညာညာကိစ္စကို ရှောင်လွှဲ၍မရနိုင်တော့ချေ။

ပူးယှက်နေသော လူနှစ်ယောက်ကတော့ အချိန်ကောင်းလေးထဲ နှစ်မြုပ်နေကြဆဲ။

အောက်မှတစ်ယောက်က ယောင်မိစ္ဆာမျိုးနွယ် ဖြစ်ပုံရသည်။ ဦးခေါင်းပေါ်မှ နားရွက်လေးများသည် တဆတ်ဆတ် တုန်ယင်လျက်၊ နူးညံ့ဖြူဆွတ်သော အသားအရေဖြင့် တက်ကြွမှုအပြည့်။ မြေခွေးမျိုးနွယ် ဖြစ်နေ၍လားမသိ၊ အတော်လေး တဏှာရာဂကြီးသလိုပင်။

အပေါ်မှလူကတော့ လူသားမျိုးနွယ် ဖြစ်ချေလိမ့်မည်။ ကျစ်လစ်သန်မာသော ကိုယ်ဟန်မျိုးရှိပြီး ကျင့်ကြံဆင့် မြင့်မား၏။ ခွန်အားလည်း အတော်ကောင်းပုံရသည်။ သူ့အောက်မှ ယောင်မိစ္ဆာလေးခမျာ အကျယ်ကြီး အော်ညည်းနေခဲ့လေသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုနှစ်ယောက်ဟာ ချစ်သူစုံတွဲမဟုတ်မှန်း ခြူးမုယွင် သိလိုက်သည်။ ယောင်မြေခွေးလေးက လူသားမျိုးနွယ်ကို အချိန်ကောင်းလေး ပိုင်ဆိုင်ရရုံသပ်သပ် ထောင်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း 80% လောက် သေချာနေသည်။ နှစ်ဦးသားက ခံစားချက်တစ်စုံတစ်ရာ မပါဝင်ပါဘဲ ‘မင်းလည်း ခံစားလို့ကောင်းမယ်၊ ငါလည်း ခံစားလို့ကောင်းမယ်၊ အဲ့တာကြောင့် လောကနိဗ္ဗာန်လေး အတူတည်ဆောက်ကြရအောင်ကွာ..’ ဟူသော ပုံစံမျိုးဖြင့် လူးလှိမ့်နေကြခြင်းပင်။

သို့သော် အနှီယောင်မြေခွေးလေးက နှုတ်စောင့်စည်းတတ်ဟန်မပေါ်။ အရမ်းကောင်းလွန်းလို့လည်း ဖြစ်နိုင်ပါ၏။ တစ်ချိန်လုံး အကျင့်သိက္ခာမဲ့စွာဖြင့် ရမ္မက်ကြွဖွယ် အော်ညည်းသံများ၊ ငိုကြွေးသံများ တရစပ် ထွက်ပေါ်နေပြီး ပါးစပ်မှလည်း ပေါက်ပန်းလေးဆယ် အော်ဟစ်နေသေး၏။ ‘ကော.. ကော..” “ကောင်းလိုက်တာ ယောက်ျားရယ်..” စသည်ဖြင့် အရှက်မရှိ၊ ပြောလို့ရတာမှန်သမျှ အကုန်ထုတ်ပြောနေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now