183

2.5K 522 21
                                    

Unicode

ယမန်နေ့ညက ယဲ့ကျန့်ဟန် ပေါ်လာခဲ့ပြီးနောက် ခြူးမုယွင်သည် အနှီစိတ်မချရသော ‘ဥ’ကို ဆန်းစစ်ခဲ့သည်။

အဆုံးသတ်ကောက်ချက်အရ ဤ‘ဥ’လေးသည် ‘ဥ’အရူးလေး ဖြစ်နေဆဲ။ သို့သော် မနေ့ညက ယဲ့ကျန့်ဟန်သည်လည်း ပုံရိပ်ယောင် မဟုတ်ချေ။ သမ့်သမ့်လေးနှင့် ပေါင်းစပ်ခြင်းမရှိဘဲ သီးခြားသိုဝှက်ထားသော ဝိဉာဉ်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်မှာ ၈၀ ရာခိုင်နှုန်းခန့် သေချာနေ၏။ စိတ်ဝိဉာဉ်ကွဲသည့် ဖြစ်ရပ်နှင့် သဘောတရားဆင်တူပြီး စိတ်ဝိဉာဉ်ကွဲတစ်ခုအနေဖြင့် ကြီးထွားလာခြင်းပင်။

ခြူးမုယွင်လည်း လက်တလောတွင် ‘ယဲ့ကျန့်ဟန်’၏ စိတ်ဝိဉာဉ်အပိုင်းအစလေးကို ဖယ်ရှား၍မရသေးသဖြင့် နောက်ပိုင်း အဖြစ်အပျက်များကို စောင့်ကြည့်ပြီး အခွင့်အရေးစောင့်ရန်သာ တတ်နိုင်တော့သည်။

သို့သော် လက်ရှိအချိန်မှာတော့ ယဲ့သမ့်သမ့်ကို စိတ်ချ၍ရသည်။ ရူးကြောင်ကြောင်လေး ဖြစ်သော်လည်း လုပ်နိုင်စွမ်းရှိပြီး လှည့်စားရလွယ်သည်လေ။

‘ကျောက်စိမ်းသွေးကန်’ ဟူသောစကားလုံးကို ကြားလိုက်ရသည့်တိုင် ယဲ့သမ့်သမ့်က သံသယဝင်နေဆဲ။ သတိကြီးကြီးထား၍ သူ့ကို ပြန်မေးလာသည်။

“ဘာလုပ်ခိုင်းမလို့လဲ..?”

ခြူးမုယွင်က ပြုံးကာ : “ငါ့အတွက် ပစ္စည်းတစ်ခုသွားယူပေး..”

ယဲ့သမ့်သမ့် : “ဘယ်ကိုသွားပြီး ဘာယူခဲ့ပေးရမှာလဲ..?”

ခြူးမုယွင်က ‘ဥ’လေးကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

ခြူးမုယွင်နှင့် ‘ရှန်ယွင်’က တစ်ယောက်တည်း ဖြစ်နေ၍သာ ကံကောင်းသည်။ မဟုတ်လျှင် အန္တိမဆေးကျမ်းကို ဘယ်နေရာမှာ ဝှက်ထားမှန်း သူ ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ရှဲ့ချင်းလန်သည် ‘ရှန်ယွင်’အပေါ် ရိုးသားသည်။ အဆုံးစွန် ယုံကြည်ပေးသည်။ နောက်ဆုံး သူ၏ အသက်တစ်ဝက်ကိုပင် ဝေမျှလိုခဲ့သဖြင့် တခြားသော အပယိကများဆိုလျှင် ထည့်ပြောနေစရာ မလိုတော့ပေ။

ခြူးမုယွင်အတွက် ပစ္စည်းဝှက်ထားသည့်နေရာကို လိုက်ရှာနေရန်မလို၊ ရှဲ့ချင်းလန် ဘယ်နေရာမှဝှက်ထားမှန်း တိတိကျကျ သိနေသည်။ သူကိုယ်တိုင် သွားရှာလို့မရသော်လည်း ယဲ့သမ့်သမ့်က ‘ဥ’လေး ဖြစ်နေသောကြောင့် သေးသေးကွေးကွေးဖြင့်၊ ခြူးမုယွင်သာ ‘ရုပ်ဖျက်ခြင်းအစီအရင်’ သုံး၍ ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲပေးလိုက်လျှင် သိပ်ပြီး သိသာတော့မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now