177

2.4K 512 45
                                    

Unicode

နောက်ဆုံးလပြည့်ညမှ လဝက်ခန့်သာ ကြာမြင့်သေးရာ ရှို့လော်နယ်မြေသည် အသက်မဝင်လာသင့်သေးပေ။ သို့ဖြစ်ရာ...

ယဲ့သမ့်သမ့် တစ်ခုခုဖြစ်နေတာများလား..?

လျှို့ဝှက်နယ်မြေထဲ ရောက်လာကတည်းက ခြူးမုယွင်သည် ယဲ့သမ့်သမ့်အား အစာကျွေးမပြတ်ခဲ့ပေ။ ယဲ့သမ့်သမ့်လေး ယခင်ကထက်ပင် ပိုစားရသည်ဟုပင် ဆိုနိုင်သည်။

လျှို့ဝှက်နယ်မြေတွင် သားရဲများစွာရှိပြီး အဆင့်မြင့်သားရဲကြီးများ၏ ဝိဉာဉ်ဟူသည် တကယ့်ကို အကောင်းဆုံးဖြည့်စွက်အစာ ဖြစ်၏။ ခြူးမုယွင်သည် ချီစွမ်းအားပြန်ရသည်နှင့် သူအပြင်ထွက်တိုင်း ယဲ့သမ့်သမ့်ကို တိတ်တဆိတ် အစာကျွေးခဲ့သည်။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့် တွေးဆရလျှင် ရှို့လော်နယ်မြေ ပေါ်မလာသင့်…

နေစမ်းပါဦး… စားပိုးနင့်သွားတာများလား..?

ဆရာခြူး : “………”

Zero : “အစထဲက မပြောဘူးလား..? ကလေးတွေက အလိုလိုက်လို့ မရပါဘူးဆို.. ခုပဲကြည့် ဘာတွေဖြစ်ကုန်ပြီလဲ..”

မည်သို့ဆိုစေ ယခုလောလောဆယ် ဘာကြောင့်လဲ၊ ဘာအတွက်လဲဟူ၍ စဉ်းစားရန်အချိန်မရှိ။ ရှို့လော်နယ်မြေ အသက်ဝင်လာမှတော့ ကောင်းကောင်း အသုံးချလိုက်ရုံသာ။

ခြူးမုယွင်ခမျာ ဆိုးဆိုးရွားရွား နာကျင်နေသော်ငြား ‘အကြွင်းမဲ့အသိစိတ်’ကြောင့် စိတ်ကြည်လင်နေ၏။

ရှဲ့ချင်းလန်က ခြူးမုယွင်၏ မူမမှန်မှုကို သတိပြုမိလိုက်သောကြောင့် လေသံတိုးတိုးဖြင့်.. “အားမု..?”

လက်ရှိအချိန်တွင် ခြူးမုယွင်သည် အသိစိတ်ကပ်နေဆဲ။ အံကြိတ်ကာ ပြန်ဖြေခဲ့သည်။ “ဘာမှမဖြစ်ဘူး.. ဒဏ်ရာဟောင်း ပြန်ပေါ်လာတာပါ.. ခဏလောက်နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်..”

ထိုသို့ပြောပြီးနောက် သူ၏မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာခဲ့သည်။

ရှို့လော်နယ်မြေ၏ သက်ရောက်မှုခံရသော လူသားဝိဉာဉ်သည် အခြေအနေကိုလိုက်၍ ထိန်းညှိနိုင်စွမ်းရှိ၏။ ဥပမာအားဖြင့် ပထမဆုံးအကြိမ်ကို သည်းခံနိုင်ခဲ့လျှင် ဒုတိယအကြိမ် - အလွန်နာကျင်နေဆဲ၊ တတိယအကြိမ် - သည်းမခံနိုင်အောင် နာကျင်နေဆဲ၊ သို့သော် အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိလာလိမ့်မည်။ ထို့နောက်တွင်မူ ဖြည်းဖြည်းချင်း ကျင့်သားရလာပြီး ခြောက်ကြိမ်၊ ခုနစ်ကြိမ်ခန့် ကြုံတွေ့လာရသောအခါ ‘အရမ်းနာတာပဲ’ ဟူ၍ပင် တွေးမိတော့မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now