133

2.7K 563 29
                                    

Unicode

ခြူးမုယွင်တစ်ယောက် နှစ်ပေါင်းရာကျော် လိင်မှုကိစ္စနှင့် ကင်းကွာနေခဲ့သည်။

မြေခွေးလေးက သူ့ကို မကြာခဏ မြူဆွယ်တတ်ပါသော်လည်း အချိန်တိုင်း ခြူးမုယွင်ဘက်မှ တွန်းဖယ်နေခဲ့ပြီး လုံးဝမထိတွေ့ခဲ့ပေ။ သို့သော် ယခုလို ရုတ်တရက်ကြီး အကြောင်းဖန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ပုံမှန်ဆိုလျှင် ဆရာခြူးက ဤကိစ္စမျိုးနှင့်ကြုံရတိုင်း လုံးဝမရှောင်လွှဲတတ်သလို သူလုပ်ချင်လျှင် လုပ်လိုက်သည်ပင်။ ဤသို့ ဖြူဥလှပလွန်းသော၊ သူ့ထက်နှလုံးသားမဲ့သလို အပျော်အပျက်သာ သဘောထားတတ်သော မြေခွေးလေးဆိုလျှင် ပြောနေစရာမလိုတော့။ တစ်ညတာပျော်ပါး​ပြီး နောက်ကြောင်းရှင်းသောကြောင့် သူ့အတွက် အကောင်းဆုံးညအိပ်ဖော် ဖြစ်လာချေလိမ့်မည်။

ဤကမ္ဘာသို့မရောက်ခင်က ခြူးမုယွင်သည် ဤသို့သောလူစားမျိုးကို အမှန်ပင် ကြိုက်နှစ်သက်ခဲ့သည်။ သို့သော် လက်ရှိမှာတော့ ဖျားယောင်းတတ်လွန်းသော မြေခွေးလေးကို လုံးဝမထိလိုပါချေ။

Zero လေးက ရင်ထဲထိသွားဟန်ဖြင့်..

“‘အမျက်ဒေါသ’အတွက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေတာလား..?!”

ခြူးမုယွင် : “………”

Zero လေး : “Host ကိုယ်တိုင် Bottom ပဲ ဖြစ်တော့မယ်လို့ ဝန်ခံထားပြီးသားကို..”

ခြူးမုယွင်က သက်ပြင်းချလိုက်သည်။ ပြီးနောက် လေသံအေးအေးဖြင့် ရှင်းပြခဲ့သည်။

“Baby.. မင်းကတော့လေ.. ငါအမှန်အတိုင်း ပြောနေတာလား၊ ဒီအတိုင်း မတတ်သာလို့ ပြောလိုက်တာလားဆိုတာ သေချာခွဲခြားသိအောင် သင်ယူသင့်နေပြီ..”

သူသာ Bottom တစ်ယောက်ဖြစ်ကြောင်း ထုတ်မပြောခဲ့လျှင် မြေခွေးလေးက သူ့ကို အချိန်တိုင်း တွယ်ကပ်နေလိမ့်မည်။ နေ့တိုင်း ဖျားယောင်းသွေးဆောင်နေလိမ့်မည်။ သူ့ဘက်က တစ်ကြိမ်နှစ်ကြိမ်ခန့်အထိ သည်းခံနိုင်ပါသော်လည်း သုံးလေးကြိမ်ဆက်လာခဲ့လျှင် မည်သို့သည်းခံနိုင်ပါတော့မည်နည်း။ ကျိန်းသေပေါက် မြေခွေးလေးနှင့် လုပ်မိသွားမည်ပင်။ ဤသို့ဖြစ်လာခဲ့လျှင် သူ့ရဲ့ဆရာကောင်းပုံရိပ်၊ မိတ်ဆွေကောင်းပုံရိပ်ကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now