50

4.8K 969 50
                                    

Unicode

သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်..?

သားရဲငယ်လေးခမျာ မော့ကျိုးရှောင်အား ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ သူ့ကိုယ်သူ သွေးလေချောက်ခြားနေသလားပင် ထင်မှတ်နေချေ၏။

“ခင်ဗျား ဘာပြောလိုက်တယ်..?”

မော့ကျိုးရှောင်က အေးဆေးနူးညံ့သော အသံလေးဖြင့်ပင် ပြန်ဖြေလာခဲ့သည်။

“ရန်ချန်းအနား မပြန်ချင်ဘူးလား..?”

“ပြန်ချင်တာပေါ့..!”

သားရဲငယ်လေးက မတုံ့မဆိုင်း ပြန်ဖြေလိုက်ပါ၏။

မော့ကျိုးရှောင်၏ မျက်နှာထက်မှ အပြုံးပင်လျှင် အတန်ငယ် ပျက်ယွင်းသွားရသည်။ သို့သော် ချိုသာနူးညံ့စွာပင် တုံ့ပြန်နေမိဆဲ။

“အဲ့တာဆိုလည်း သွားကြရအောင်လေ..”

သားရဲငယ်လေးက သံသယမျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့လေ၏။

“‘ခြူးမုယွင်’ကို အသက်ပြန်သွင်းနိုင်ဖို့အတွက် ကျွန်တော့်ကို မလိုအပ်တော့ဘူးလား..?”

မော့ကျိုးရှောင်ကြည့်ရသည်မှာ အတော်လေး ရွှင်မြူးနေသည့်ဟန်။

“မလိုအပ်တော့ဘူး.. ‘ခြူးမုယွင်’ရဲ့ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်လုပ်တုန်းပဲ.. ဝိဉာဉ်ပြန်ခေါ်ဆေးလုံးကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ခဲ့တယ်.. အဲ့တာကြောင့် သိပ်မကြာခင် နိုးထလာလိမ့်မယ်..”

သားရဲငယ်လေးမှာ မော့ကျိုးရှောင်အား ယုံကြည်ပေးရန် အနည်းငယ် တုံ့ဆိုင်းနေဆဲ။

“တကယ်လား..?”

မော့ကျိုးရှောင်က သားရဲငယ်လေးကို ငေးမောကြည့်ကာ..

“ငါက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မယ်လို့ မင်းထင်နေတာလား..?”

သားရဲငယ်လေး : “မဟုတ်ပါဘူး..!”

သို့ပေမယ့်လည်း သားရဲငယ်လေးဟာ အနည်းငယ် တွေဝေနေဆဲ။

အရာအားလုံး အဆင်ပြေတယ်ဆိုရင် မော့ကျိုးရှောင်က မြင်မြင်သမျှ သတ်ဖြတ်တော့မယ့် ပုံစံမျိုးကြီးနဲ့ ဘာကိစ္စပြေးထွက်လာရသလဲ..? ပြီးတော့ အနမ်း.. အနမ်းကရော ဘာအတွက်လဲ..?

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now