33

5.1K 986 77
                                    

Unicode

ရေခဲဝိဉာဉ်သားရဲ၏ စရိုက်လက္ခဏာတွေအကြောင်း အတော်အသင့် နားလည်ပြီးနောက် ခြူးမုယွင်မှာ အတန်ငယ် စိတ်ဖိစီးသွားရသည်။

‘နတ်ဆိုးတို့၏တိုင်းပြည်’ Fanfic တွေတောင် ခြေတစ်လှမ်း နောက်ကျသွားပြီ။ အဓိကဇာတ်ကောင်ရဲ့ အမျိုးအနွယ်ကို ရေခဲဝိဉာဉ်သားရဲအဖြစ် ပြောင်းရေးပြီး နတ်ဆိုးအရှင်ခုနစ်ပါးနဲ့ ရောသမမွှေလိုက်ရင်ဖြင့်…… ကျွတ်.. ကျွတ်.. ဘယ်လောက်မိုက်လိုက်မလဲ..!!!

တဏှာကြီးတဲ့ အောက်ပုဂ္ဂိုလ်လေးနဲ့ လူယုတ်မာ ခုနှစ်ကောင်၊ တကယ့်ကို အမိုက်စားပဲ..! တကယ်ပြောတာ..!

ဒါပေမဲ့ နှမြောစရာပဲ… ညစ်ညစ်ညမ်းညမ်း Fanfic တွေ မရေးရသေးခင် သူ့မှာတော့ ကိုယ်တိုင်ကိုယ်ကျ ခံစားနေရပြီ။

ပြောကြတာတော့ ဝတ္ထုတွေက ဘဝဇာတ်ကြောင်းကို အခြေခံထားတာတဲ့။ ဆရာခြူးကတော့ လက်တွေ့ဘဝက ဝတ္ထုတစ်ပုဒ်ထက် သောက်ကျိုးနည်း ပိုဆိုးရွားကြောင်း ပြောပြလိုက်ချင်သည်။

ဘာကြောင့် မနာလိုခြင်းအရှင်က ‘NTR’ လုပ်ချင်နေမှန်း နားလည်သွားပြီးနောက် ခြူးမုယွင်လည်း ထိုအမျိုးသားကို အမိဖမ်းရန် နည်လမ်းတစ်ခုကို ရှာတွေ့လိုက်သည်။

‘မနာလိုခြင်း’က ‘မာနတရား’နှင့် လုံးဝမတူပေ။

မာနအရှင်ကို ဖြည်းဖြည်းချင်း အချစ်မှာနစ်မွန်းသွားအောင် လုပ်နိုင်သည်။ အမ်း… ဒါမှမဟုတ် ကာလရှည်ကြာ PaPaPa ပြီးနောက် ချစ်ကျွမ်းဝင်လာသည်ဟုလည်း ဆိုနိုင်သည်။

ထိုအရာများကား မနာလိုခြင်းအရှင်အတွက် ဘာမှမဟုတ်၊ ‘မနာလိုခြင်း’မှာ အလွန်အမင်း သံသယလွန်ကဲတတ်သော ကောင်စုတ်လေးတစ်ဦး ဖြစ်နေသည်။

မာနအရှင်သခင်၊ သူ့ရဲ့အပေါ်ယံမျက်နှာဖုံးမှာ ယဉ်ကျေးသိမ်မွေ့သော်လည်း အတွင်းစိတ်မှာမူ လူသားများကို စက်ဆုပ်အထင်သေးသည်။ သူ့ရဲ့ဇာတ်ကြောင်းအရ အလွန်ဆိုးဝါးပြီး လူ့ကျင့်ဝတ်နှင့်မညီသော အကျင့်စရိုက်မျိုးကို ပိုင်ဆိုင်ထားသည်။

မနာလိုခြင်းအရှင်၊ အပေါ်ယံ၌ ပြဿနာရှာရတာကြိုက်သော အရှုပ်ထုပ်။ သို့သော် အတွင်းစိတ်မှာမူ သူ့ကိုယ်တိုင်ပင် ဘယ်သောအခါမှ ဖျောက်ဖျက်၍ ရမည်မဟုတ်သော မကောင်းသည့် စိတ်ခံစားချက်များဖြင့် စိုးမိုးနေသည်။ ထိုအချင်းအရာမှာ မနာလိုခြင်းဟူသော စိတ်ခံစားချက်ပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now