အခန်း ၂: ဆွဲဆောင်မူရှိသောပုံ(၂)

2.7K 212 2
                                    

အခန်း ၂: ဆွဲဆောင်မူရှိသောပုံ(၂)


Translated by Li{ 21.9.2021 }



Qiao Moyu ဟာ အမျိုးသမီး ဇာတ်​လိုက်​
နှင့်​အခြားအမျိုးသားများအတူရှိ​နေ​သော
ဗွီဒီယိုမှတ်တမ်းများနှင့်ဓာတ်ပုံများကို Xing Yichen ထံသို့အမည်ဝှက်ပေးပို့ခဲ့သည်။  သူမက​တော့သူ့ရှေ့တွင်​ကြာဖြူပန်း​​လေးအဖြစ်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင်ဇာတ်လိုက်မင်းသား
က သူမ၏ရည်ရွယ်ချက်များကိုသိသွား
​သောအခါ Qiao Moyu က သူမ
အဝတ်အစားများကိုချွတ်​၍ ထိုလူအား ​​ဆေး
ခက်​၍​သွေး​ဆောင်​ဖြား​ယောင်း​ရန်​ကြိုးစားခဲ့
တယ်။ သူမက ဆန်စိမ်းကိုချက်ပြုတ်
ထားသောထမင်းအဖြစ်ပြောင်းနိုင်လိမ့်မည်
ဟုမျှော်လင့်ခဲ့သည်။ 
[L/N အ​ခြေအ​နေ​တွေ ​ပြောင်းပြန်​လှန်​သွားတာ /တစ်​နည်းအားဖြင့် အမျိုးသားက သူမကိုချစ်​လာမယ်​ လို့ထင်​တာ..]

သို့သော်သူမသည်ဇာတ်လမ်းတွင် villain
တစ်​​ယောက်​ဖြစ်​​နေသောကြောင့်သူမ၏အကြံအစည်များမအောင်မြင်ခဲ့​ချေ။

ထို့ကြောင့်သူမက မည်မျှပင်လှည့်ဖြား
​စေကာမူသူ၏ချစ်ခင်မှုကိုဘယ်တော့မှရ
လိမ့်မည်မဟုတ်ပေ။  အမျိုးသမီးဇာတ်လိုက်​
သည် ရုပ်​ရှင်​ ဧကရီ
ဖြစ်လာရုံသာမကသူမသေသည်အထိ
အကြင်​နာမဲ့ ​သော အမျိုးသားဇာတ်​လိုက်​
၏အချစ်ကိုအနိုင်ယူခဲ့သည်။

ရက်စက်သောငယ်သူငယ်ချင်း​ကြောင့်
Qiao Moyu သည်စိတ်ဆင်းရဲစရာကောင်းသောအဆုံးကိုတွေ့ခဲ့ရသည်။  သူမရဲ့မွေးစား
မိဘတွေကသူမကိုလျစ်လျူရှုခဲ့ပြီး
သူမကလေးဟာလဲ​ပျောက်ဆုံးသွားခဲ့တယ်။
သူမရဲ့အကြွေးတွေကိုပြန်ဆပ်နိုင်ဖို့သူမဟာစီးပွားရေးသမားတွေအတွက်ညစ်ညမ်းတဲ့အရာမျိုးစုံကိုအဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး
လူ​သန်း​ပေါင်းများစွာရဲ့ ပြစ်​တင်​ရူံချ ​ရှောင်​
ဖယ်​ခြင်းကိုခံခဲ့ရတယ်။
 

နောက်ဆုံးမှာတော့သူမဟာသူမချစ်တဲ့လူရှေ့မှာသူ့ကိုယ်သူအဆုံးစီရင်ပြီးသူ့
မှတ်ဉာဏ်ထဲတွင်​အမြဲမှတ်​မိ​နေဖို့
မျှော်လင့်ခဲ့တယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now