အခန်း ၆၂ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၂)

886 137 3
                                    

အခန်း ၆၂ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: May 3 , 2023 ( Wednesday  )
========================


သူမဟာ နောက်ဆုံး ဒါရိုက်တာ ဖန်း ရဲ့ အော်သံကိုကြားတဲ့အထိ သူမခေါင်းထဲ၌ ရေတွက်နေခဲ့တယ်, " ကဒ်! ကောင်းကောင်း လုပ်ခဲ့တယ်!"

သူမဟာ ရုတ်တရက် လျှော့ပေးလိုက်ပြီး
လုံးဝ သက်တောင့် သက်သာ ဖြစ်သွား
ခဲ့တယ် ။

သို့သော် ထိုခဏတွင်, ယဲ့ဖေးချန်ဟာ
မလူပ်ရှားပဲ ကျန်ရှိနေသည် ။

သူ ချောင်မိုယွီကို ဆုပ်ကိုင်ထားစဥ် မိန်းမော
တွေဝေသွား ပုံပေါ်တယ် ။

' အရာအားလုံးက ဘာကြောင့် အရမ်း တူညီနေရတာလဲ?'

သူမရဲ့ ရုန်းကန်လူပ်ရှားမူနဲ့ ခုခံခြင်းတွေ,
သူမခန္ဓာကိုယ် ရဲ့ သင်းပျံ့ မွှေးကြိုင်မူတွေ ပြီးတော့သူမ ရဲ့ နူးညံ့မူတွေ ။ အိပ်မက်တစ်ခုလို့ ထင်မြင်မိလုနီးပါးဖြစ်နေတဲ့ မှတ်ဥာဏ်တစ်ခုက ,သူ့စိတ်ထဲမှာ ရုတ်တရက် ပြန်လည် ပြသလာခဲ့တယ် ။

လွန်ခဲ့တဲ့ ၃ နှစ်, ယဲ့ဖေးချန်ဟာ လူတစ်စုနဲ့အတူ ဟိုတယ် အောက်ထပ်၌ အရက်သောက်နေခဲ့စဥ်တွင်ဖြစ်သည် ။ သူတို့ စကားပြောနေရင်း
တန်းလန်း,တစ်ခုခုက အတော်လေးမူမမှန်တာကိုသူရုတ်တရက် ခံစားလိုက်ရတယ် ။ 

ဒါကြောင့် သူဟာ အပေါ်ထပ်အခန်းကို ဘိုကင်ယူပြီး အိပ်ဖို့ လှဲချလိုက်တယ် ။

သို့သော်လည်း, သူ ပိုပြီး အိပ်လေ မီးတောက်တစ်ခုကို သူ ပို ခံစားလာရလေပဲ ။ သူ ဘာဖြစ်တာလဲ နားလည်တဲ့အချိန်, အဲ့ဒါက အရမ်း နောက်ကျသွားပြီ ။  သူဟာ အိပ်ယာကနေရုန်းကန်ထွက်လိုက်တယ် ဒါမှ ရေအေးနဲ့ သူ့ကိုယ်သူ ဆေးကြော နိုင်မှာ ဖြစ်သော်လည်း သူ ထရပ်ပြီး
မကြာခင်, အခန်း ထဲ၌ အပို မိန်းကလေးတစ်ယောက် ရှိနေခဲ့တယ် ။

အဲ့ဒီ အတွေ့အကြုံ က ဒီနေ့ရဲ့ ဒရာမာ နဲ့ အရမ်းဆင်တူတဲ့  ခံစားမူ အရသာ ရှိတယ် ။

နောက်မှာ, သူ အိပ်မောကျသွားခဲ့တယ် ။
နောက်တစ်နေ့ သူနိုးလာတဲ့အချိန်, အဲ့ဒါက အိပ်မက်လား တကယ်လားဆိုတာ သူ မပြောနိုင်ဘူး ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now