အခန်း၃: ဆွဲဆောင်မူရှိသောပုံ.(၃)

2.3K 214 3
                                    

Zawgyi//


Translated by Z


Qiao Moyu သူ့ကိုတုံ့ပြန်​ရန်​ပျင်းလွန်း​နေခဲ့
သည်​။ သူမသည်​ ပြန့်​ကျဲ​နေ​သော အထည်​စုပ်​များကို ကြည့်​ပြီး ​မေးလိုက်​သည်​၊
"Xing Yichen,ရှင်​ ကျွန်​မအဝတ်​​တွေကို ဘယ်​မှာဝှက်​ထားတာလဲ?"

ပထမဆုံးအကြိမ်အဖြစ် ​​သူမ၏ သူ့နာမည်
အပြည့်​အစုံ​ခေါ်သည်​ကိုကြား​သောအခါ
အထင်​အမြင်​​သေးစွာ ပြုံးလိုက်​သည်​။
သူ၏ ခန္ဓာကိုယ်​သည်​ ပူ​လောင်​လာသဖြင့်
အင်္ကျီ ​ကော်​လံကို ဆွဲ့ဖြုတ်​ပစ်​လိုက်​သည်​​။
"မင်းရဲ့ အဝတ်​​တွေကို
ပြတင်း​ပေါက်​က​နေ မင်းကိုယ်​တိုင်​ ပစ်​ချလိုက်
တာ မဟုတ်​ဘူးလား?"

အို! အဲ့လိုမျိုးရှိတာလား?လက်​ရှိ
Qiao Moyu သည်​သူမ၏ ရဲ့ရင်​မူကို
တိတ်​တဆိတ်​ ချီးကျူးလိုက်​သည်​။
သူမမတ်တပ်ရပ်ပြီးအခန်းထဲ
ကိုခြေလှမ်းတစ်လှမ်းစီနဲ့လျှောက်သွားလိုက်
သည်​ဒီလူနဲ့ငြင်းခုံဖို့အချိန်မပေးနိုင်​​ပေ။
အဝတ်အစားလဲပြီးတဲ့နောက်တန်ဖိုးမရှိ
တဲ့ခြင်သွေးအဖြစ်ဆက်ဆံခံရတဲ့ အိမ်​မက်​က​နေ သူမ​ပျော်​​ပျော်​ကြီး ပြန်​ထွက်​​တော့မည်​။

"မင်း အခြားဘာ​တွေ ကြံစည်​​နေပြန်​တာလဲ!"
Xing Yichen ရဲ့မျက်​လုံး​တွေဟာ အန္တရာယ်
အ​ငွေ့အသက်​များဖုံးလွှမ်းလာသည်​။

သူမ ပခုံးတွန့်​ပြရင်း အ​ရေးမပါ​သော​လေသံ
ဖြင့်​"ငါ့ရဲ့ ဝက်​အသား​တွေနဲ့ ခန္ဓာကိုယ်​ ကို
ဖုံးမလို့​လေ" ငါရဲ့ ဆွဲ​ဆောင်​မှု ရှိတဲ့ ခန္ဓာကိုယ်
ကို ကြည့်​​နေရတာ ဝက်​တစ်​​ကောင်​ကို ကြည့်
နေရတာနဲ့အတူတူပဲ လို့ ရှင်​ပဲ ​ပြောတာ​လေ?

သူမ အခန်းငယ်​ထဲသို့ ဝင်​လိုက်​သည်​နှင့်
အဝတ်​ဗီရိုကို​အတွင်း၌ ရှပ်​အင်္ကျီ နှင့်
ဘောင်းဘီ အသစ်​များကို​တွေ့လိုက်​ရသည်​။

Xing Yichen ဟာအရပ်​အလွန်​ရှည်​သည်​။ သူမ
ချိပ်​ထား​သော ရှပ်​အင်္ကျီ တစ်​ထည်​ကိုယူဝတ်
လိုက်​သည်​။ရှပ်​အင်္ကျီဟာ သူမဒူးအထက်
တစ်​ဆယ်​ စင်​တီမီတာ ခန့်​ရှည်​​နေပြီး စကပ်​တ
ထည်​ဝတ်​ရသလိုပင်​။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now