အခန်း ၆: Tsundere (1)..

2K 220 1
                                    

Zawgyi//

Translated by Z

Chapter 6: Tsundere (1)..


Luo Luo သည်​ သူ၏မျက်​နှာကို ဖုံးကွယ်​ထား
သော​ကြောင့်​ သူ၏ ရုတ်​တရက်​ အပြုံးကို
မည်​သူမှ မမြင်​လိုက်​​ပေ။က​လေးကမငို​တော့
တဲ့အတွက်​ သုံး​ယောက်​သား အတူအိမ်​ပြန်
လိုက်​ကြသည်​။

မူလကိုယ်​၏ အိမ်​သည်​ အ​​​တော်​​လေး​ကောင်း
သည်​။ သူမသည် Qiao အိမ်သူအိမ်သားဖြစ်နေစဉ်ကသူမ၏အဖိုးလက်ဆင့်ကမ်း​​ပေခဲ့ခြင်းဖြစ်​​သည်။ သူမသည်မိသားစုမှနှင်ထုတ်ခြင်းခံရသော်လည်းဤအိမ်တွင်နေထိုင်နိုင်ဆဲဖြစ်သည်။

သူတို့သုံး​ယောက်​ အိမ်​အတွင်းသို့ အတူဝင်​လာ
သောအခါ Luo Luo သည်​အိမ်​တွင်းစီး​ခြေညှပ်​ဖိနပ်​​ပြောင်းစီးရန်​ ထိုင်​ချလိုက်​သည်​။သူ၏
သေးငယ်​​သော လက်​က​လေးများသည်​ ဖြူ
ဖွေးပြီး နူးညံ့ ​နေသည်​။ သူ၏ ဖိနပ်​များကို
ဝတ်​ပြီး​နောက်​ ​သူ၏ ​ခြေ​ထောက်​တို​လေးများနှင့်​သူ၏ အခန်းဆီသို့ တ​ဖြောက်​​ဖြောက်​မည်​သံနှင့်​အတူ ​ပြေးသွားသည်​။

ကောင်​ငယ်​​လေးသည်​ ​ပြေးရင်းလဲကျသွား
မည်​ကို စိုးရိမ်​ပြီး Qiao Moyu စိတ်​ပူစွာ ​အော်
လိုက်​သည်​ , "​ပေါင်​​ပေ့ , ​ဖြေး​ဖြေးသွား,မလဲ​စေနဲ့!"

(ET/N: ​ပေါင်​​ပေ့ -က​လေး)

သူ့အမေရဲ့ခေါ်သံကိုကြားလိုက်တဲ့အခါ
ကောင်လေးကမရပ်ခင်နောက်ထပ်ခြေလှမ်း
နှစ်လှမ်း​ထပ်ပြေးလိုက်၏။ သူကသူမကို
လှည့်ကြည့်ပြီး​လေး​လေးနက်​နက်​ပြန်​​ပြောလာသည်​ "Luo Luo ကြီး​​နေပြီ၊ ပြုတ်ကျမှာမ
ဟုတ်ဘူး!"

Qiao Moyu ရယ်​လိုက်​သည်​။ စာအုပ်တွင်
မူလကိုယ်​အားငယ်ရွယ်သောကလေးများနှင့်အလွန်မရင်းနှီးသူတစ် ဦး အဖြစ်မည်သို့ဖော်ပြခဲ့သည်ကိုသူမမှတ်မိသည်။

ဒုတိယအမျိုးဇာတ်​လိုက်​သည်​ Xing Yichen
နှင့်​ ​မျှော်​လင့်​​ချက်​မဲ့စွာချစ်​​ခဲ့​သော​ကြောင့်
သူ့​​နောက်​လိုက်​ခဲ့ပြီး က​လေးအား တာဝန်
ယူ​ရန်​ ကြိုးစားခဲ့သည်​။
သူမသည်​ က​လေးကို ထိန်း​ကျောင်း ရာတွင်
လည်း အနည်းငယ်​ ​ပေါ့ဆခဲ့သည်​။သို့​သော်
မူလကိုယ်​သည်​ Luo Luo ကို နှိပ်​စက်​ခြင်း​တော့
မပြု​ပေ။ ထိုနည်းတူ သူမသည်​ အထူးတလည်
ဂရုစိုက်​ခြင်းမရှိခဲ့သလို သူနှင့်​ အ တူအချိန်​များလဲမကုန်​ဆုံးခဲ့​ပေ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now