အခန်း ၉၃ ။ ပေးကမ်းကူညီခြင်း အဖွဲ့(၁)

340 35 0
                                    

အခန်း ၉၃ ။ ပေးကမ်းကူညီခြင်း အဖွဲ့(၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: November 28  ,  2023
(  Tuesday       )
========================

ကျင်းပရာနေရာရဲ့ အခြားတစ်ဖက်ကို
ချောင်မိုယွီရောက်တဲ့အချိန်,
ရှင်းဝမ်ရွှမ်းက သူမ ဖန်တွေနဲ့
အပြန်အလှန် တုံ့ပြန်မူ ပြီးဆုံးသွားခဲ့ပြီ ။
ချောင်မိုယွီ အမြန်လာနေတာကို သတိပြုမိတဲ့ အခါ, သူမ မျက်လုံးတွေက
ဝမ်းမြောက်မူတွေနဲ့ လက်နေခဲ့တယ် ။

ချောင်မိုယွီက သူမဘေးကို လျှောက်သွားပြီး
တီးတိုးပြောလိုက်တယ်,
" အနောက်မှာ ဖြစ်ပျက်
ခဲ့တာအတွက် နင့်မှာ တာဝန်မရှိဘူးလား?
ဗီဒီယို သက်သေကို ဖျက်ဆီး ဖို့
နင်ဘာလုပ်မလဲ?"

" ဟ ဟ, အဲ့ဒီမှာ မှတ်တမ်းတင်နေတယ်
ဆိုတာကိုတောင် နင်သိတာလား?
ကြည့်ရတာ နင်က ငါတွေးထားသလို
မတုံးအ တဲ့ပုံပဲ!"
ရှင်းဝမ်ရွှမ်းက လှောင်ပြုံးတစ်ခုနှင့် မာဆက်ဆက်ပြောလာတယ်။
" နင်လဲ 'ငါက သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်ပါ' ဆိုတဲ့ပရိုဂရမ်မှာ
ပါဝင်မယ်လို့ ငါကြားတယ် ။
နင့်ရဲ့ အဝတ်မပါတဲ့ ဗီဒီယိုကို ဖော်ထုတ်လိုက်တာ မလိုချင်ဘူးဆိုရင်, နင်
အစ်မရုံဟွမ်နဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ရင် ပိုကောင်းမယ်!"

ရှင်းဝမ်ရွှမ်း ရဲ့ စကားတွေကို ကြားတဲ့အခါ
ချောင်မိုယွီ အမှန်တကယ် အံ့အားသင့်သွား
ခဲ့တယ် ။

လက်ဦးက, ' ရှန်းရှီ' မှ သူမရဲ့ ထင်ပေါ်ကျော်ကြားမူကို သူခိုးယူသွားတာကြောင့် ရှင်းဝမ်ရွှမ်းကသူမကို ဆန့်ကျင် လျို့ဝှက်ကြံစည်တယ်လို့ သူမ တွေးလိုက်တာ ။ သို့ပေမဲ့လည်း,ချောင်ရုံဟွမ် ရဲ့ ကိုယ်စား သူမကို တုံ့ပြန်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး!

" နင်က သူမကို ထိုင်ခုံပေါ် ထားဖို့အတွက် ငါ့ အပေါ်ကို ခြေလှမ်းဖို့ စီစဥ်နေတာလား?"
ချောင်မိုယွီက ဟန်ဆောင်ရယ်မောလိုက်တယ် ။
" သူမက နင့်ကို ပြုစားထားတဲ့ စွပ်ပြုတ် အချို့ ကျွေးထားတာ ဖြစ်ရမယ်"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now