အခန်း ၉၆ ။ နိူင်းယှဥ်ခြင်း (၁)

309 31 0
                                    

အခန်း ၉၆ ။ နိူင်းယှဥ်ခြင်း (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  December 25   ,  2023 (   Monday    )
======================

ရှင်းဝမ်ရွှမ်း နဲ့ ချောင်ရုံဟွမ် ထွက်ခွာသွားတာ
ကို မြင်တဲ့အခါ, ချောင်မိုယွီ ဟာ
ချင်းချန်းချန့်ကို
ခေါ်ပြီး နှစ်ယောက်သား တောင်ဆီကို အတူ
ဦးဆောင်သွားလိုက်ကြတယ် ။

ချင်းချန်းချန့်က သရုပ်ဆောင် အသစ်
ဖြစ်ပြီး
အသက်  ၁၉ နှစ်သာ ရှိသေးသည် ။ သူမက
လက်ရှိ ရုပ်ရှင်အကယ်ဒမီ ၌ ဒုတိယ နှစ်ကျောင်း
သူ ဖြစ်ပြီး မတိုင်မီက သမိုင်းနောက်ခံ နန်းတော်
ဒရာမာ တစ်ခုမှာ သရုပ်ဆောင်ခဲ့တယ် ။

အင်ပါယာ မြို့တော်မှာ ကြီးပြင်းလာခဲ့ပြီး, သူမက
ဒီလို တောင်ဆီကို ဘယ်တုန်းကမှ မရောက်ဖူး
ဘူး , ဒါကြောင့် ၎င်း က ပထမဆုံး ရောက်ဖူးတဲ့
သူမ အတွက် အတော်လေးကို ဆန်းသစ်တဲ့
အတွေ့အကြုံပဲ ။

ယှဥ်ပြိုင်မူအားလုံးရဲ့ ခက်ခဲမူကို တိုးမြင့်စေရန်
အလို့ငှာ, ရိုက်ကူးရေး အဖွဲ့တွေဟာ သူတို့ရဲ့
တည်းခိုခန်းကို သူတို့ရောက်တဲ့အချိန်
သရုပ်ဆောင်တွေအားလုံးရဲ့ ဖုန်းတွေ နဲ့ ပိုက်ဆံ
တွေကို သိမ်းဆည်းထားခဲ့တယ် ။ ဒါကြောင့်,
ချောင်မိုယွီ နဲ့ ကျန်ရှိနေတဲ့ သရုပ်ဆောင်
တွေဟာ နှစ်ရက်အတွင်း လာမဲ့ စျေးမှာ
ရောင်းချ ဖို့အတွက် ရောင်းချနိုင်တဲ့ ပစ္စည်း
တွေကို စုဆောင်းဖို့ လိုအပ်နေရုံသာမက,
သူတို့ဟာဒီည သူတို့ ညစာအတွက် ချက်ပြုတ်ဖို့ တောင်တွေထဲတွင် ပါဝင်ပစ္စည်း များကို
ရှာဖွေဖို့ လဲ လိုအပ်တယ် ။

ကင်မရာက သူတို့ရဲ့ ရိုက်ကူးမူကို တိုက်ရိုက်
ထုတ်လွှင့်မူသို့ ပြောင်းလဲ လိုက်တာကြောင့်
အဖွဲ့ သုံး ဖွဲ့လုံးကို  တိုက်ရိုက် ထုတ်လွှင့်မူ
အခန်း၌ မြင်နိုင်သည် ။

ရှင်းဝမ်ရွှမ်းက ပထမဆုံး အဖွဲ့ဖြစ်ကာ,
ချောင်ရုံဟွမ် က ဒုတိယအဖွဲ့ ဖြစ်နေစဥ်, ချောင်မိုယွီ က တတိယတွင် ဖြစ်သည် ။

ထိုအခိုက်အတန့် တွင် , ချောင်မိုယွီ ရဲ့ တိုက်ရိုက်
ထုတ်လွှင့်မူ၌ ကြည့်ရူ့သူ သုံးထောင်အထက်တွင်
ရှိနေသည် ။ ဒါဟာ ယခင် အသင်း နှစ်သင်း
နဲ့ ယှဥ်ပါက အကျော်ကြားဆုံး မဟုတ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now