အခန်း ၉၁ ။ တန်ပြန်တိုက်စစ် ပထမခြေလှမ်း (၂)

400 39 0
                                    

အခန်း ၉၁ ။ တန်ပြန်တိုက်စစ် ပထမခြေလှမ်း (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  November 14   ,  2023 
========================

သူမက အမျိုးသားရဲ့ နောက်ကျောကို
စိုက်ကြည့်နေရင်း, ချောင်မိုယွီ
ပြန်ဖြေလိုက်တယ် ,
" ကောင်းပြီ "

ထို အခိုက်အတန့်တွင်, ၎င်းက ဘာကြောင့်
အရမ်းမှောင်နေရတာလဲ သိချင်နေကြတဲ့ တိုက်ရိုက်ထုတ်လွှင့် ရာနေရာက ဖန်တွေဟာ
ဒီစကားဝိုင်းကို ကြားခဲ့အခါ သူတို့က
မထိန်းချုပ် နိုင်ဘဲ ပေါက်ကွဲလာကြတော့
တယ် ။

ရလဒ်အနေနဲ့, အွန်လိုင်း စကားပြောခန်းက
ရူးသွပ်သွားကြတော့တယ်...

" အစ်မ မိုယွီ, မင်းဘာလုပ်နေတာလဲ?
ငါ ကြားနေတာ ဘာတွေလဲ? ဒါက တကယ်
မင်းရဲ့ အသံ!"

"သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ?
ဘာဖြစ်လို့  အပုပ်နံ့လို ဖြစ်နေတာလဲ?"

"ဘုရားရေ, ဥက္ကဌ ရှင်း လား? ! ဒါက တကယ်
ပဲ ရှင်းမိသားစုရဲ့ ဥက္ကဌ ရှင်းလား? သူက
ချောင်ရုံဟွမ် ရဲ့ ချစ်သူကောင်လေး မဟုတ်
ဘူးလား?"

" သူ့လို ချစ်သူကောင်မလေး ရှိပြီးတဲ့
အမျိုးသားတစ်ယောက်က အခြားအမျိုးသမီး
တွေကို တွေးနေတုန်းပဲလား?"

" ငါတို့က ချောင်မိုယွီ ရဲ့ ရည်ရွယ်ချက်တွေ
ကို မမြင်သင့်ဘူးလား? ဒီအမျိုးသားက အခြားအမျိုးသမီးတွေကို ဖျားယောင်းသွေးဆောင်တဲ့ တစ်စုံတစ်ယောက်
ဆိုတာ ပြသဖို့ ကိစ္စ တစ်ခုလုံး
ကို မှတ်တမ်းယူနေရင်း သူမရဲ့
ပြန်ဖြေကြားချက်နဲ့ သူ့ကို ဆွပေးနေတယ်
ဆိုတာ သိသာတာပဲ! "

" ဒါက အရမ်းပဲ, အိုးမိုင်ဂေါ့! ဒီမှတ်တမ်းက
သေချာပေါက် လျို့ဝှက်ရိုက်ကူးနေတာပဲ! ဒါကဒီနှစ်ဖျော်ဖြေရေး လောကရဲ့ အကောင်းဆုံး အတင်းအဖျင်းပဲ!"

လူတွေက မှတ်ချက်တွေကို ကသုတ်ကရက်
စာရိုက်နေကြစဥ် တိုက်ရိုက်ထုတ်လွှင့်
ခန်းကို လူတွေ ပို ပို ပြီး ဝင်ရောက်လာကြတယ် ။
သတင်းအနံ့ကို လိုက်ဖမ်းနေတဲ့ လူများကလဲ
စတင် စုရုံးလာကြတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now