အခန်း ၈၇ ။ အဖေတစ်ယောက်ရဲ့ ပုံစံ (၁)

667 63 0
                                    

အခန်း ၈၇ ။ အဖေတစ်ယောက်ရဲ့ ပုံစံ (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  July 30 ,  2023 ( Sunday     )
========================

ချောင်မိုယွီ ရဲ့ နူတ်ခမ်းထောင့်တွေက
တွန့်သွားတယ် ။သူမသွားတော့မဲ့အချိန်
ယဲ့ဖေးချန် ကပြောလာတယ်,
"ဟိုနားမှာ အများသုံး သန့်စင်ခန်း
ရှိတယ် ။ ကိုယ် သူ့ကို ခေါ်သွား လိုက််မယ်"

ချောင်မိုယွီ ပြန်ဖြေတာကို စောင့်မနေဘဲ သူက ခြေလှမ်းကျဲကျဲ လျှောက်
သွားခဲ့တယ် ။

" ပေါင်ပေ့, ဦးဦးက သားကို ခေါ်သွားပေးမယ်နော်" ယဲ့ဖေးချန်က ငုံ့ကိုင်းပြီး အလျင်အမြန်လမ်းလျှောက်မသွားခင်
လော့လော့ကို ကောက် ပွေ့လိုက်တယ် ။

ချောင်မိုယွီ တိတ်သွားတယ် ။ ယဲ့ဖေးချန်
က သူမ သားကို ခိုးသွားမယ်လို့ သူမ ဘာကြောင့်ထင်နေရတာလဲ?

အခြားတစ်ဖက်တွင်, ယဲ့ဖေးချန်ဟာ
လော့လော့ကို အိမ်သာသို့ ခေါ်လာခဲ့တယ် ။ ကောင်ကလေး
အပေါ့သွားပြီးတဲ့အချိန်, သူက တောက်တီးတောက်တဲ့ ကလေးလေးကို
သုတ်သင်ပေးပြီး သူ့ဘောင်းဘီကို
ပြန်ဝတ်ပေးဖို့ ငုံ့ကိုင်းလိုက် ပြီးနောက် သူ့ရဲ့ စူးစိုက်အကြည့်က ကလေးပုစိလေးရဲ့ အဝတ်ဖိနပ်
များပေါ် ကျရောက်သွားတယ် ။ ယဲ့ဖေးချန်
ဟာ ရယ်ရမလား ငိုရမလားကို မသိတော့ဘူး။

ချောင်မိုယွီက အခြားသူတွေကို လှည့်စားတဲ့ နေရာမှာ အတော့်ကို ဆရာကျတယ် ။ ဒီကောင်လေးအတွက် သူမ ပြင်ဆင်ထားတဲ့ ဝတ်စုံက သမိုင်းအခြေခံ ဒရာမာ တစ်ပုဒ်ထဲ ပါဝင်ဖို့ လုံလောက်တယ်!

သူ လော့လော့ကို မေးလိုက်တယ်,
" ပေါင်ပေ့, သားရဲ့ ဆရာက သားကို
ဘယ်မှာရှာတွေ့တာလဲ? သားရဲ့
မိဘတွေကရော?"

သူ့ရှေ့က ဒီဦးဦးက အရမ်းကောင်းတဲ့ လူတစ်ယောက်လို့ လော့လော့ ခံစားရတယ်,
အထူးသဖြင့် ယခင်က စျေးမှာ ထိုလူဆိုးတွေ
ကို ရိုက်နှက်ဖို့ သူ ကူညီပေးခဲ့ ကတည်းကပေါ့ ။သို့ပေမဲ့, ဒီဝတ်စုံ ဝတ်ထားတဲ့အချိန် အမှတ်မထင်သတိလက်လွတ် စကားမပြောဖို့ သူ့ကို သူ့အမေက သင်ကြားထားတယ်,
ဒါကြောင့် သူက  လုံးဝန်းတဲ့ မျက်လုံးများနှင့် သူ့သွားကို ကြိတ်ထားပြီး ယဲ့ဖေးချန်ကို ရိုးရှင်းစွာ စိုက်ကြည့်နေခဲ့တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now