အခန်း ၉၄ ။ ပေးကမ်းကူညီခြင်း အဖွဲ့(၂)

421 37 4
                                    

အခန်း ၉၄ ။ ပေးကမ်းကူညီခြင်း အဖွဲ့(၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  November 28  ,  2023
(  Tuesday        )
======================

ရဲ့ဖေးချန်ရဲ့ စကားတွေက နှစ်ဖက်စလုံးကို
ဘက်မလိုက်သော်လည်း, ဒီကိစ္စက တကယ် အရမ်း ရိုးရှင်းတယ်ဆိုတာ သတင်းထောက်
တွေကို  သတိ​ပေးလိုက်တယ် ။ သူတို့
ရှင်းဝမ်ရွှမ်းရဲ့ စကားတွေကို မယုံကြည်နိုင်ဘူး။

ဒါကြောင့်, သတင်းထောက်တွေဟာ
သူတို့ရဲ့ ဦးတည်ချက်ကို ' ရှန်းရှီ' ဆီသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားကြတယ် ။ ဤကိစ္စပြီး
နောက်, တွေ့ဆုံပွဲဟာ အဟန့်အတား တစ်စုံ
တစ်ရာ မရှိဘဲ အဆုံးသတ်သွားခဲ့တယ် ။

ရက်အနည်းငယ် ကြာပြီးနောက်,
ရှင်းဝမ်ရွှမ်း ရဲ့ မန်နေဂျာက ကြေညာချက်
တစ်ခုကို ထုတ်ပြန်ခဲ့ကာ,ရှင်းဝမ်ရွှမ်းရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်ရန် သူမ(လက်ထောက်) ရဲ့စာချုပ်ကို သူမ(မန်နေဂျာ)က တရားဝင် ဖျက်သိမ်းကြောင်း အတိအလင်း
ရေးသားထားခဲ့တယ်။

ချောင်မိုယွီက သတင်းတွေကို ဖတ်နေရင်း သူမ နူတ်ခမ်းတွေက အပြုံး တစ်ခု
အဖြစ်ကွေးညွှတ်သွားခဲ့တယ် ။ ဟား ဟား, အဲ့ဒီ ရှင်းဝမ်ရွှမ်း က
သူမရဲ့ လက်ထောက်ကို အပြစ်တွေအားလုံး
ပုံချမယ်ဆိုတာ သူမ ခန့်မှန်းမိတာ ​တကယ်
ကြာနေပြီ ။

ဒီကိစ္စက အကျိုးသက်ရောက်မူ အများကြီး
မရှိပုံထင်ရပေမဲ့ ဒီကိစ္စသေးသေးလေးတွေအားလုံးက အစေ့လေးတွေလို သစ်ပင်ကြီး တစ်ပင်အဖြစ် တစ်နေ ကြီးပြင်းလာမယ်လို့ ချောင်မိုယွီယုံကြည်တယ် ။ အချိန်ရောက်လာတဲ့ အခါကျရင်
ရှင်းရဲ့ လူထုဆက်ဆံရေးတာဝန်ရှိသူ တောင်
ဘာမှ မလုပ်နိုင်တာ ဖြစ်နိုင်တယ်!

ဒီကိစ္စကို ဖြေရှင်းပြီး ဖြစ်တဲ့အတွက်,
ရှင်းဝမ်ရွှမ်းဟာ ' ငါက သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်ပါ' ပရိုဂရမ်ကို ဝင်ရောက်ဖို့ တရားဝင်လက်မှတ်ထိုးခဲ့ကာ, ပထမအပိုင်းတွင် သူမ ပါဝင်မည်ဖြစ်ကြောင်း
ပြသခဲ့တယ် ။

ဒါရိုက်တာကျန်းရှင်း ဟာ သတင်းတွေကို လက်ခံရတဲ့အချိန် အလွန်ပင် စိတ်လူပ်ရှားနေခဲ့တယ်။အကြောင်းကတော့ သူတို့ကြားမှာ သဘောထား
ကွဲလွဲမူတွေရှိတဲ့ သရုပ်ဆောင်တွေကို စုစည်း
ခြင်းဟာ ပရိုဂရမ်ကို ပိုပြီး စိတ်လူပ်ရှားဖွယ်
ကောင်းတဲ့ ဆွေးနွေးမူ တစ်ခု ဖြစ်စေသော
ကြောင့်ပင် ။ ချောင်မိုယွီက ရှင်းဝမ်ရွှမ်း,
ချောင်ရုံဟွမ် တို့လို မကျော်ကြားပေမဲ့,သူမဟာနောက်ပိုင်းတွင် စကားဝိုင်းရဲ့ အဓိက ခေါင်းစဥ်ဖြစ်လာ၏ ။ ထပ်ပေါင်းရရင်,
သူမနဲ့ ရှင်းဝမ်ရွှမ်း
ကြားက အဖြစ်အပျက်ဟာ ရိုက်ကူးရေးကို
ကြည့်ရူ့ဖို့ ပိုမို စိတ်လူပ်ရှားအောင်
ပြုလုပ်လိမ့်မယ်!

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now