အခန်း ၄၆ ။ အတိတ် (၁)

1.1K 175 4
                                    

အခန်း ၄၆ ။ အတိတ် (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 8, 2023
========================

'ဒါ မူလပိုင်ရှင်ရဲ့ ဒိုင်ယာရီ လား?' ချောင်မိုယွီ
နည်းနည်း အံ့အားသင့်သွားခဲ့တယ် ။ ဒီခေတ်မှာဒိုင်ယာရီ တွေကို သိမ်းထားတဲ့ လူ ရှိနေ
သေးတာပဲ ။ ပြီးတော့ ဒီဟာက ငါး အုပ်တောင်ရှိနေတာဆိုတော့ ဒါတွေကို ရေးတဲ့ အချိန်ကာလက မတို ဘူးဆိုတာ
သိသာတယ် ။

ချောင်မိုယွီ က ပထမဆုံး စာအုပ်ကို ဖွင့်ပြီး
နေ့စွဲကို စစ်ဆေးကြည့်လိုက်တယ် ။

ဇူလိုင်လ ၅ ရက်, ၂၀၀၆ ခုနှစ် ။ ဒီနေ့က ငါ့ရဲ့
၁၁ နှစ်ပြည့်မွေးနေ့ ။ ငါအတန်းထဲမှာ ပထမဆုံးဖြေဆို ခဲ့ပြီး ငါ့ဆရာမက ငါ့ကို ဒီ ဒိုင်ယာရီလေးလက်ဆောင်ပေးခဲ့တယ် ။ ငါ့ကောကော ရှင်းရီချန်းက ဒီနေ့ ငါနဲ့အတူ ငါ့မွေးနေ့ကို ကျင်းပပေးလိမ့်မယ် ။

ချောင်မိုယွီ က စာမျက်နှာတစ်ခုချင်းစီကို ဖတ်ရင်း ရေးထားတာတွေ အားလုံးလိုလိုမှာ
ရှင်းရီချန်းကို ရည်ညွှန်းထားတာတွေ ပါဝင်နေကြောင်းသူမ သတိပြုမိလိုက်တယ် ။မူလပိုင်ရှင်က ရှင်းရီချန်း ဆီကို ဘာကြောင့်များ မရမနေဇွဲကောင်းနေရတာလဲ သူမ နားမလည်နိုင်ပေမဲ့ ဒီစာကြောင်းတွေကနေ မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ ပထမဆုံးအချစ်ကို သူမသိ မြင်နိုင်
တယ် ။

ချောင်မိုယွီ က နောက်ဆုံးတစ်အုပ်ကလွဲပြီး
ဒိုင်ယာရီအများစုကို အမြန်ပဲ ဖတ်ပြီးသွားခဲ့
တယ် ။

နိုဝင်ဘာ ၂၂ ရက် ၂၀၀၈ ခုနှစ်, ငါနောက်ဆုံးတော့ ဒိုင်ယာရီ ထပ်ရေးနိုင်ပြီ ။ ငါ ဆွစ်ဇာလန်မှာငါ့ရဲ့ မီးလောင် ဒဏ်ရာတွေအတွက် ကုသမူ ခံယူနေရတာ ။

ငါ့လက်တွေပေါ်က ဒဏ်ရာတွေ အဆင်ပြေ
သွားပင်မဲ့ ကံမကောင်းစွာပဲ ငါ့မိဘတွေ ငါ့အတွက် ချန်ထားခဲ့တဲ့ လှပတဲ့ လက်ကောက်
လေးက အဲ့ဒီနေ့ ငါမီးထဲ ကျသွားတဲ့ အချိန်
ပျောက်သွားခဲ့တယ်လေ ။

ကုသမူက အရမ်းနာပင်မဲ့ ငါ အဲ့ဒါကို နောင်တမရဘူး ။ အဲ့ဒီနေ့က မီးပင်လယ်ထဲမှာ ငါက  ငါ့ကောကောရီချန်းရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့တာ ။ ငါတို့ လက်ကိုင်တာ အဲ့ဒါ ပထမဆုံး အကြိမ် ပဲ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now