အခန်း ၈၆ ။ ဖော်ထုတ်ခြင်း (၃)

505 57 2
                                    

အခန်း ၈၆ ။ ဖော်ထုတ်ခြင်း (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  July 30 ,  2023 (Sunday      )
========================

နားထောင်ပြီးနောက်, လော့လော့က နာခံစွာ
ခေါင်းငြိမ့်လိုက်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ်
သူ အသံ မပြုရသရွေ့ အဲ့ဒါက ကောင်းတယ်။

သူက အခုထိ ပီတာပန်က တစ်စုံတစ်ယောက်
လို ဖြစ်နေသေးတယ်လို့ သူ ခံစားရတာ
ဖြစ်နိုင်တယ်, ဒါကြောင့် သူက ချောင်မိုယွီ သူ့ကိုလက်ဆောင် ပေးထားတဲ့ သူ့ရဲ့ ပလက်စတစ် ' မက်မွန်သစ်သားဓား' ကို ထုတ်ယူလိုက်ပြီး ၎င်းအား ယဲ့ဖေးချန်ဆီ
ချိန်ရွယ်လိုက်တယ် ။
သူက သူ့ရဲ့ သေးငယ်တဲ့ ဗိုက်လေးကို
ဆန့်ထုတ်ပြီး တည်ကြည်လေးနက်တဲ့ အမူအရာ တစ်ခု
နှင့် မော့ကြည့်လာတယ် ။

ယဲ့ဖေးချန် ဆွံ့အ ကျန်ခဲ့ ရတယ် ။
သူက ထရပ်
ပြီး ချောင်မိုယွီကို တစ်ချက်ကြည့်ကာ တည်ကြည်တဲ့ အသံတစ်ခုနှင့် ပြောလာ၏,
" ကိုယ့်နောက်လိုက်ခဲ့"

ချောင်မိုယွီက အကြောင်းပြချက်အချို့ကြောင့်
ဖိအားတစ်ခု လိမ့်တတ်လာတယ်လို့ ခံစားလိုက်ရတယ် ။

သူမဟာ မရပ်တန့်ခင် သူ့ခြေလှမ်းတွေနောက်ကို သုံးမိတာလောက် လိုက်ခဲ့ရသည် ။ ထို့နောက်ချောင်မိုယွီက သူမခေါင်းကို မော့ပြီး မျက်နှာချိုသွေးနေတဲ့ အပြုံးတစ်ခုကို ပြသရင်းဖြင့် နူးညံ့ ညင်သာစွာ ပြောလိုက်တယ်,
" ရုပ်ရှင်ဧကရာဇ်ယဲ့, ဒီကိစ္စနဲ့ ပတ်သက်ပြီး
ရှင် အဲ့ဒါကို လျို့ဝှက်ချက် တစ်ခုအနေနဲ့
ထိန်းသိမ်းထားပေး ရင် အဆင်ပြေလား?"

သူမ အသံက အမြဲတမ်း နူးညံ့  နေသော်လည်း သူမက တမင်သက်သက် ကြင်နာ သိမ်မွေ့မူ အရိပ်အရောင်လေးကို ထပ်ပေါင်းထည့်လိုက်
တဲ့အခါ , သူမပြောတာကို နားထောင်
ရသည်ကသူ့နှလုံးသားကို ကြောင်တစ်ကောင်က လက်လှမ်းပြီး ညင်သာစွာ ပုတ်လိုက်သလိုပဲ ။ယဲ့ဖေးချန်က ပိုပြီးတောင် မျက်မှောင်ကြုတ်လာတယ် ။ သူက ရှေ့က်ို ခြေတစ်လှမ်း လှမ်းပြီး တင်းမာစွာ မေးလိုက်တယ်, " ကလေးက ဘယ်က
ရောက်လာတာလဲ?"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now