အခန်း ၁၁၉ ။ ကျွန်မက ကြွက်သားတွေနဲ့ အမျိုးသားတွေကို ကြိုက်တယ် (၂)

110 10 0
                                    

အခန်း ၁၁၉ ။ ကျွန်မက ကြွက်သားတွေနဲ့ အမျိုးသားတွေကို ကြိုက်တယ် (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
===================

အဲ့ဒါက ချောင်မိုယွီ ထံ နီးကပ်ရဖို့ ကြီးမြတ်
တဲ့ အခွင့်အရေး တစ်ခုပဲ ။ နှစ်ထောင်ချီ ကြာ
ပြီးနောက်မှာ အသက်ရှိ koi တစ်ယောက်ကို
တွေ့ရဖို့က ခဲယဥ်းတယ် ။ ချောင်မိုယွီ ဘယ်မှာနေလဲ သူသိပေမဲ့, သူမ ဆီကို ကတိုက်ကရိုက်အလည်သွားတဲ့အတွက် သူ့ကို အစွန်းရောက်ဖန်တစ်ယောက်အနေနဲ့ မဆက်ဆံဘူးဆိုရင် အံ့သြစရာကောင်းနေပြီ!

ဒါပေမဲ့ သူသာ  ပရိုဂရမ်မှာ သူမနဲ့ တွေ့ဆုံခဲ့ရင်အရာအားလုံးက ကွဲ ပြားသွားပြီ ။ ပရိုဂရမ်ကို သူ ဝင်ရောက်လိုက်ရင် သူမထံမှ သန့်စင်လက်ဆက်တဲ့လေတွေကို သူ နေ့တိုင်း ရူ
နိုင်လိမ့်မယ် ။ အနာဂတ်မှာ, သူ အောက်ကမ္ဘာကိုရောက်တဲ့အချိန် သက်ရှိ koi တစ်ယောက်နဲ့ သူ တွေ့ခဲ့ကြောင်း သူ့ဆရာကို သူ ကြွားဝါ နိုင်တယ်။

မစ္စတာ ဟွမ်ဟာ သူမနဲ့ နီးကပ်ရမဲ့ ဒီလို အခွင့်အရေးကောင်း တစ်ခုကို သူ လွတ်သွားခဲ့တာကြောင့် စိတ်တို ဒေါပွနေခဲ့တယ် ။ အခြား
တစ်ဖက်တွင် , ချောင်မိုယွီဟာ စားပွဲပေါ်က
ဟင်းပွဲတွေအားလုံးကို စားပြီးသွားပြီ ဖြစ်သည်။

သူမက သူမဗိုက်ကို စိတ်ကျေနပ်အားရမူနဲ့ ပွတ်လိုက်ပြီး, " မျှော်လင့်ထားသလိုပဲ, အသီးအရွက်တွေထည့်ပြီး လုပ်တာက ပုံမှန်ထက် အရသာ ပိုရှိတယ်!"

ယဲ့ဖေးချန် ပြန်ပြောလိုက်တယ်,
" မနေ့ကလဲ ကောင်းပါတယ် "

ချင်းချန်းချန် က သူမ ခေါင်းကို ငြိမ့်ပြီး,
" ဟုတ်တယ်, မနေ့က ငါးကင်က စားရတာ
အရသာ အရမ်းရှိတယ် ။ မိုယွီ, နင့်ကို လက်ထပ်တဲ့သူ ဘယ်သူဖြစ်ဖြစ် အရမ်းကံကောင်းလိမ့်မယ်!"

host က ချက်ချင်းပဲ အကြောင်းအရာ ခေါင်းစဥ်ကို ယူဆောင်လာတယ်, " မိုယွီ, မင်းအတွက် စိတ်ကူးယဥ် အမျိုးသားက ဘယ်လိုပုံလဲ?"

များစွာသော ပရိုဂရမ်တွေမှာလဲ ဒီလိုပဲ,
ဧည့်သည်များကို ဒီမေးခွန်းမျိုး မေးနိုင်ဖွယ်ရှိသည် ။ သို့သော်လည်း, အမျိုးသမီး ဧည့်သည်အများစုရဲ့ တုံ့ပြန်မူက ဘာမှ မပြောကြ
သလောက်ပဲ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now