အခန်း ၇၄ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၃)

594 90 0
                                    

အခန်း ၇၄ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  June 10 ,  2023 ( Saturday    )
========================

ချောင်မိုယွီဟာ သူမ အရေပြားကို ဖြတ်ပြီး
ပျံ့နှံ့ လာတဲ့ ဆေးရဲ့ အေးမြမူကို ခံစားရပြီး ပူလောင်နေတဲ့ နာကျင်မူ ဝေဒနာကို သက်သာရာရစေတယ် ။

သူမက သူမ မျက်လုံးတွေကို ပင့်ပြီး နူးညံ့ ညင်သာတဲ့ အသံတစ်ခုနှင့် ပြောလိုက်တယ်,
" ကျေးဇူးတင်ပါတယ်,
ရုပ်ရှင်ဧကရာဇ်ယဲ့ "

ထိုသို့ပြောပြီးနောက်, သူမက သူမကိုယ်သူမ ရယ်မောပြီး ပြောလိုက်တယ်, " ကြည့်ရတာ  တစ်နေ့တည်းနဲ့ ဒီစာကြောင်းကို ကျွန်မ ထပ်ခါထပ်ခါ ပြောနေမိတဲ့ ပုံပဲ"

ယဲ့ဖေးချန်က သူမ မျက်လုံးတွေထဲကို
စူးစိုက်ကြည့်ပြီး ပြောလာသည်,
" မင်း ပြောစရာ မလိုပါဘူး "

ပြီးနောက်, သူက လိမ်းဆေးနဲ့ ဝါဂွမ်းစ ကို သူမ လက်ကိုင်အိတ် ဘေး၌
ထားပြီးနောက် အဝတ်လဲ
ခန်းမှ ချက်ချင်း ထွက်သွားတယ် ။

ထိုနေ့မှာပဲ, ယင်းချန်း ရုပ်ရှင်နဲ့ TV
မြို့တော် ၌ မီးလောင်ကျွမ်းမူကို သတင်းများ၌ ထုတ်လွှင့်ခဲ့
တယ် ။ ထိခိုက်ဒဏ်ရာရရှိသူများ မရှိဘဲ တာဝန်ရှိသူ အနေနဲ့ လူတစ်ယောက်သာလျှင် ဥပဒေအရ အရေးယူ အပြစ်ပေးခံခဲ့ရသည် ။ အခြားသိသာထင်ရှာတဲ့ ဆုံးရူံး မူ တစ်စုံတစ်ရာ မရှိခဲ့ချေ ။

မည်သို့ပင်ဆိုစေကာမူ ထို ညနေခင်းတွင်,
မီးလောင်မူ ဖြစ်စဥ်ရဲ့ ကြည်လင်တဲ့ ဖလင်
အရှည်တစ်ခုဟာ အွန်လိုင်း၌ အလျင်အမြန် ပျံ့နှံ့ ခဲ့ကာ ​အဖြစ်အပျက် ပြီးနောက် နာရီအနည်းငယ် အတွင်းမှာ ဖြစ်သည် ။

ထိုအခိုက်အတန့်, ရှင်းရီချန်း ရဲ့ ဗီလာ၌ ,
အမျိုးသားဟာ သူ့ခါးကို ပုဝါတစ်ခုနှင့်
ပတ်ပြီး
ရေချိုးခန်းမှ ထွက်လာခဲ့သည် ။ သူ့ဖုန်းနှင့် ကစားနေရင်း ဆိုဖာပေါ်ထိုင်နေတဲ့
ချောင်ရုံဟွမ် ကို သူ သတိပြုမိလိုက်တယ် ။ TV ဟာ ဖျော်ဖြေရေး ချန်နယ်တစ်ခု
ထုတ်လွှင့် နေချိန် တစ်ချိန်လုံး
ဖွင့်ထားခဲ့တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now