အခန်း ၄၉ ။ ဆံပင် ဆွဲခြင်း (၁)

1K 117 1
                                    

အခန်း ၄၉ ။ ဆံပင် ဆွဲခြင်း (၁)


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 18,  2023
========================

ဒီကမ္ဘာမှာ " ခိုက်ကွမ်း သခင် " အလုပ်အကိုင်
တည်ရှိနေရဲ့လားဆိုတာ ချောင်မိုယွီ မသေချာ
ဘူး ။ ဝတ္ထုဖတ်ချိန်က သူမဟာ ဒီအသေးစိတ်
အချက်အလက်တွေကို ဘယ်တော့မှ ဂရုမစိုက်
ခဲ့ပင်မဲ့ ဇာတ်လမ်းထဲမှာ ထည့်သွင်း မဖော်ပြ
ထားဘူးလို့ မဆိုလိုဘူးလေ ။

(ET/N: ခိုက်ကွမ်း ( ရိုးရှင်းတဲ့ တရုတ်စာ: 开光;
ရိုးရာ တရုတ်စာ: 開光; ဖျင်ယင့်:kāiguāng)
သည် နတ်ရုပ်ထု တစ်ခုကို ရည်စူး ဆက်ကပ်
ခြင်းအတွက် တရုတ် ဝေါဟာရ တစ်ခုဖြစ်သည်။
တရုတ်တွင်, ခိုက်ကွမ်း ရဲ့ တိုက်ရိုက် အဓိပ္ပါယ်
မှာ " အလင်းဖွင့်ခြင်း " ဖြစ်သည် ။ ဗုဒ္ဓဘာသာ
နဲ့ တောက် အယူဝါဒတွင် မကြာခဏ ပြုလုပ်
သည်)
(Li/N _ အရှေ့မှာတုန်းက "light " ကို
တောက်ပတဲ့ ကံကောင်းခြင်းအလားအလာလို့
သုံးခဲ့တယ်နော်.. အခု "opening of light "
ကို တော့ အလင်းဖွင့်ခြင်းလို့ပဲ သုံးလိုက်ပါတယ်)

တကယ်တော့, သူမ  ' ရှန်းရှီ ' အတွက် ရိုက်ကွင်း
သွားချိန်က, ဝန်ထမ်းအဖွဲ့ဝင် အချို့ဟာ သူတို့ရဲ့
ပထမဆုံး တင်ဆက်မူ ပြသမူ အတွက် မင်္ဂလာ
ရှိတဲ့ နေ့ကို ကူညီ ရွေးပေးဖို့ မေးခဲ့တာကို သူမ
မှတ်မိလိုက်တယ် ။

ဒါကြောင့် ချောင်မိုယွီ ဟာ အသစ်စက်စက်
ဒရမ်မာ ကို စစ်ဆေးကြည့်ဖို့ အွန်လိုင်းပေါ် တတ်
ပြီး သူမရဲ့ ခန့်မှန်းချက်ကို အတည်ပြုလိုက်
တယ် ။

ဒီ ပိတ်ရက်တွင် ဘတ်ဂျက်အသေးစား ရုပ်ရှင်
တစ်ခုဟာ အဓိကရှင်ရုံများအားလုံးတွင်
ရုံတင်ပြသလိမ့်မည် ။ ၎င်းဟာ အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး တစ်စုံတစ်ယောက်က
စီစဥ်ရိုက်ကူးတာ မဟုတ်သလို သရုပ်ဆောင်ရာ၌ နာမည်ကြီးကြယ်ပွင့်လဲ မပါတာကြောင့် အွန်လိုင်း
မှာ သတင်းတွေထွက်ပေါ်နေတဲ့ထို ရုပ်ရှင်ကို ကျော်ကြားတဲ့ ရုပ်ရှင်ရုံ အချို့က ရုံတင်ပြသဖို့
ငြင်းပယ်ခဲ့ကြပြီး လက်ခံတဲ့ အခြားရုပ်ရှင်ရုံများ
ကလဲ ရုံတင်ပြသဖို့ တစ်ရက်အလိုမှ နှစ်ကြိမ်သာ ပြသပြီး တစ်ပတ်အတွင်း ၎င်းကို ဖြုတ်ချဖို့ စီစဥ်ထားကြတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now