အခန်း ၂၃ : အိပ်ယာပေါ်မှ ဇာတ်ဝင်ခန်း (၂)

1.7K 202 16
                                    




Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ;November 26 , 2022
==================


သစ်​သားအိမ်​​လေးဟာ ​ရှေး​ဟောင်း horror
ဒရမ်​မာ​တွေအတွက်​ အထူးပြုလုပ်​ထားတာ
ဖြစ်​တယ်​ ။ တစ်​စုံတစ်​ရာအသုံးပြုဖို့ ၎င်းက
အရမ်း​ဟောင်းပြီး စုတ်​ချာ​နေပင်​မဲ့ ,
အဲ့ဒီသစ်​သား​တွေက မိုးခို ဖို့ အဆင်​​ပြေတယ်​။

ချောင်​မိုယွီ တံခါးကို တွန်းဖွင့်​လိုက်​တဲ့အခါ ,
တံခါးတွင်​ တွဲ​လောင်းကျ​နေတဲ့ အဖြူ​ရောင်
ပိုးချည်​**အဝတ်​အပိုင်းစ တစ်​ခုကို သူမ ​တွေ့
လိုက်​တယ်​ ။၎င်းကို ကြည့်​ရတာ သန့်​ရှင်း​နေ
၍ , သူမဟာ ပိုးချည်​အား သူမ မျက်​နှာ​ပေါ်က
မိုး​ရေ​တွေကို သုတ်​ဖို့ သုံးပြီး သူ့​နေရာအတိုင်း
ပြန်​ချိပ်​ထားလိုက်​တယ်​ ။

(**T/N: အဖြူ​ရောင်​အဝတ်​ကို ကိုယ့်​ကိုယ်​ကို
သတ်​​သေရာမှာ သုံးတယ်​)

သူမက ပြတင်း​ပေါက်​မှာ ရပ်​​နေပြီး ပြန်​လာတဲ့
အဖွဲ့သား​တွေရဲ့ကားထံမှ အလင်း​ရောင်​ကို
တိတ်​တဆိတ်​ ပဲ ​စောင့်​ဆိုင်း​နေခဲ့တယ်​ ။

လျှပ်​စီးက ပြိုးပြိုးပျက်​ပျက်​ ဆက်​ လက်​​နေပြီး
မုန်​တိုင်းလဲ ရှိမြဲရှိဆဲ ။ ခပ်​လှမ်းလှမ်းမှာ ရှိ​နေတဲ့ ဝါး​တော​တွေက အရိပ်​ထဲမှာ ဖုံးလွှမ်း​နေ
တယ်​ ။ ​ချောင်​မိုယွီ က သူမ အတိတ်​မှာ သင်​ခဲ့
ဖူးတဲ့ ​ရှေး​ဟောင်း ကဗျာတစ်​ပုဒ်​ကို ​တွေးလိုက်
မိတယ်​ ။

ကဗျာရဲ့ ပထမစာ​ကြောင်းကို ရွတ်​ဆို​တော့မဲ့
အချိန်​ , နီးကပ်​လာတဲ့ ကားမီး​ရောင်​ကို သူမ
မြင်​လိုက်​ရတယ်​ ။ခပ်​လှမ်းလှမ်းက​နေ ,
ယာဉ်​က သူမနဲ့ နီးကပ်​တဲ့ ​နေရာအထိ အလွန်
မြန်​မြန်​ပဲ ​ရောက်​လာခဲ့တယ်​ ။

ချောင်​မိုယွီ က အလျင်​အမြန် ​ပြေးထွက်​ပြီး
တံခါးကို ဖြတ်​​ကျော်​ဖို့အထိ ဒုက္ခခံမ​နေဘူး ။
အဲ့အစား သူမက ပြတင်​​ပေါက်​က ခုန်​​ကျော်
ပြီး ကားဆီကို ​ဝှေ့ယမ်းလိုက်​ရင်း ,
" ကူညီပါ ,​ကျေးဇူးပြုပြီး ကျွန်​မကို ကားကြုံစီးခွင့်​​ပေးပါ!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now