အခန်း ၁၀၉ ။ ကိုယ့်နာမည်ခေါ်ပါ (၁)

330 23 3
                                    

အခန်း ၁၀၉ ။ ကိုယ့်နာမည်ခေါ်ပါ (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: February 18  ,  2024 ( Sunday   )
=====================

ချောင်မိုယွီ က အောက်မှ ရှင်းရီချန်းရဲ့ ခြေထောက် ကို စက္ကူ အပိုင်းအစ
တစ်ခုလို သဘောထားပြီး ဖြည်းဖြည်း
ချင်း မတင်လိုက်တယ် ။ သူမ
နူတ်ခမ်းတွေက အနည်းငယ်
လူပ်ရှားသွားရင်း သူမက ယဲ့ဖေးချန်ကို
နူတ်ဆက်လိုက်တယ်,
" ရုပ်ရှင် ဧကရာဇ် ယဲ့"

ယဲ့ဖေးချန်က အကျွမ်းတဝင် ရှိပေမဲ့
ယဥ်ကျေးနေတဲ့ ခေါ်သံကို ကြားလိုက်ရပြီး, သူ့နားတွေ ထဲ အနည်းငယ် စူးရှကြမ်းတမ်းနေသလို သူခံစားလိုက်ရတယ် ။

ယဲ့ဖေးချန်က သူ့ရဲ့ စူးစိုက်အကြည့်ကို ရုပ်သိမ်းပြီး နောက်ပြန် လှည့်သွားခဲ့တယ်။ သူက စပြီး လျှောက်ထွက်ခဲ့တယ် ။

ချောင်မိုယွီက သူ သူမကို နားလည်မူ
လွဲသွားတာလား မသိတာကြောင့်
သူ့နောက်ကို အမြန်ပြေးလိုက်သွားလိုက်တယ် ။ သူ့ကို ဖမ်းမိပြီးနောက်,
သူမ ပြောလိုက်သည်,
" ရုပ်ရှင်ဧကရာဇ် ယဲ့, ရှင်တွေးနေသလို မဟုတ်ဘူးနော်! "

သူက နောက်ပြန်လှည့်ပြီး သူမကို
နက်နက်ရိူင်းရိူင်းစူးစိုက်ကြည့်လာခဲ့တယ် ။ ယဲ့ဖေးချန်က အပြုံး မ မည် တဲ့
အပြုံးတစ်ခု ပြုံးလာခဲ့ပြီး,
" ကိုယ် ဘာတွေးနေလဲ မင်းသိလို့လား?"

ချောင်မိုယွီ ဟာ သူမ သူ့ကို လိုက်မှီသွားတဲ့
အချိန် အမောတကော ပြောလာခဲ့တယ် ။
အခြေအနေကို သူ့အား ရှင်းပြဖို့ သူမ မှာ တာဝန်ရှိသလို သူမ မခံစားရသော်လည်း, သူမက အခု သရုပ်ဆောင်မင်းသမီး
တစ်ယောက်ဖြစ်နေပြီဆိုတာ သူမလဲ နားလည်ပါတယ် ။ အကယ်၍
သူမ မှာ လိင်နဲ့ ပတ်သတ်တဲ့ မကောင်းသတင်းဒါမှမဟုတ် သူမရဲ့ အကြောင်းကို အဆိုးဘက် သွားတဲ့ သတင်များရှိနေခဲ့လျှင် သရုပ်ဆောင် တစ်ယောက်အဖြစ် သူမရဲ့ သက်မွေးဝမ်းကျောင်းအလုပ်က အကျိုးသက်ရောက်မူ ကြီးကြီးမားမား
ရှိနိုင်တယ် ။

ယခုတလောတွင်, သူမဟာ ယဲ့ဖေးချန်နှင့်
" အာရုဏ်ဦး ရဲ့ ပထမဆုံးအလင်း " ၌ အလုပ်လုပ်နေခဲ့သည် ။ သူမရဲ့
ဂုဏ်သတင်းက ပျက်စီးသွားခဲ့လျှင်,
သူတို့ အတူ အလုပ်လုပ် ထားတဲ့
ဒရာမာကို ထိခိုက်မူ ရှိသွားလိမ့်
မယ် ။ အကယ်၍ ဒရာမာကို
ထိခိုက်သွားစေခဲ့လျှင် ဒါဆို သူလဲ
အကျိုးသက်ရောက်လိမ့်မယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now