အခန်း ၂၉ : လော့လော့ နဲ့ တွေ့ဆုံခြင်း (၂)

1.3K 183 2
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; December 31 , 2022
==================

ရုတ်​တရက်​ ပင်​ , လူအုပ်​ကြီးဟာ အုတ်​​အော်
သောင်းတင်း ဖြစ်​သွားကြတယ်​ ။ အခု​လေး
တင်​ပဲ , မာနကြီး​နေတဲ့ အနီ​ရောင်​ဝတ်​စုံနဲ့
မိန်းက​လေးရဲ့ ကြမ်းတမ်း​တဲ့ ကိုယ်​နူတ်​က
နူးညံ့ပြီး ချစ်​စဖွယ်​ အမူအရာကို ချက်​ချင်း
ပြောင်းလဲသွားခဲ့တယ်​ ။ သူမက ရယ်​​ဖေးချန်
ကို မျက်​​တောင်​​လေးခက်​ပြီး ချိုသာစွာ ပြုံး
ပြ​နေတယ်​ ။

သို့​သော်​ , မင်းသားရဲ့ ​အေးစက်​ပြီး လျစ်​လျူရှု့
တတ်​တဲ့ ​​ရောင်​ဝါက လူတိုင်းကို အကွာအ​ဝေး
တစ်​ခု မှာ ရှိ​နေ​စေတယ်​ ။ သူက မစ်​ယွီ ဆီကို
တည့်​တည့်​​လျှောက်​သွားပြီး ​မေးလိုက်​တယ်​,
" တစ်​​ယောက်​​ယောက်​ က​လေးခိုး​နေတယ်​လို့
အစ်​မ ​ပြောလိုက်​တာလား?"

အမျိုးသားထံမှ ​သေးငယ်​ပြီး ခြိမ်း​ခြောက်
တဲ့ ခံစားချက်​​ကြောင့်​ နာနီယွီက မတတ်​နိုင်​စွာ
ပြောလိုက်​တယ်​ , " ဟုတ်​ပါတယ်​ , လူငယ်​​လေး , ​ကျေးဇူးတင်​ပါတယ်​!"

ဒါ​ပေမဲ့ သူမ ရင်​ခွင်​ထဲမှာ​ပွေ့ထားတဲ့
လော့​လော့က ​အော်​လာတယ်​ ,
" ဦးဦး , အနီ​ရောင်​ဝတ်​စုံနဲ့ မ​ကောင်းတဲ့အန်​တီ
ကြီးက အ​စော​လေးကတင်​ သားကို အ​ဝေး
ခေါ်သွားချင်​​နေတာ!"

ကောင်​က​လေးရဲ့ ငိုသံကြားတဲ့အခါ ,
ရယ်​​ဖေးချန်​ရဲ့ အကြည့်​က က​လေး​လေးဆီကို
ဖြည်းဖြည်းချင်း ​ရွှေ့သွားခဲ့တယ်​ ။

ရိုးရိုးသားသား ​ပြောရရင်​ , ရယ်​​ဖေးချန်​ က
က​လေး​တွေအ​ပေါ် စိတ်​ရှည်​သည်းခံမူ အများ
ကြီး ဘယ်​တုန်းကမှ မရှိခဲ့ဘူး , ဒါ​ပေမဲ့
အ​ကြောင်းတစ်​ခုခု​ကြောင့်​ , သူ့ရဲ့ ကြီးမားတဲ့
မျက်​လုံး​တွေ နဲ့ မျက်​နှာ​သေး​သေး​လေး ရှိတဲ့
ဒီက​လေး​လေးက သူ့အာရုံကို ဖမ်းစားသွား
ခဲ့ပုံရတယ်​ ။ ​ကောင်​​လေးရဲ့ ပတုံး​ရောင်
မျက်​လုံး​တွေက ​ပြောစရာ သန်းနဲ့ချီ ရှိ​နေ
သလို ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now