အခန်း ၁၀၅ ။ ကျွန်မကို ယုံပါ (၃)

255 23 0
                                    

အခန်း ၁၀၅ ။ ကျွန်မကို ယုံပါ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  January 28 ,  2024 
======================

သူ့ဘေးတွင်, ချောင်မိုယွီရဲ့ မျက်လုံးတွေ
က ကျဥ်းမြောင်းသွားပြီး သူမက
အာမေဍိတ်အသံပြုလိုက်တယ်:
" မြွေ!"

ယဲ့ဖေးချန်က မက်တတ်ရပ် လိုက်ပြီဖြစ်သည်။လရောင်အောက်တွင်, သူ့ရဲ့ ညာဘက်လက်ညိုးက သွေး နှစ်စက်
သုံးစက် စီးကျနေတဲ့ ဒဏ်ရာ
အသေးနှစ်ခုကို ထုတ်ဖော်ပြလာခဲ့တယ် ။
သို့သော်လည်း, အရောင်က အတော်လေး နက်မှောင်သည် ။

သူ့ဘေးတွင်, ချောင်မိုယွီက ဒါကို
မြင်တဲ့အခါ မျက်မှောင်ကြုတ်ပြီး
ပြောလိုက်တယ်,
" မြွေက အဆိပ် ရှိတဲ့ ပုံပဲ!"

ပရိုပရမ်အဖွဲ့က ဒါ့ကို ကြားတဲ့အခါ ချက်ချင်းထိပ်ထိပ်ပျာပျာ
ဖြစ်ကုန်ကြတယ် ။

သို့သော် ဘယ်သူမှ မတုံ့ပြန်နိုင်ခင်,
ချောင်မိုယွီက ယဲ့ဖေးချန်ရဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားစဥ်
သူမရဲ့ အခြားလက်တစ်ဖက်ကို သူ့ရဲ့ လက်ကောက်ဝတ်တလျှောက် အောက်ကို
ရွှေ့လိုက်ပြီး တစ်လမ်းလုံးမှ သွေးကို သူ့ရဲ့
လက်ညိုးသို့ တွန်းပို့လိုက်တယ် ။

ရုတ်တရက်, အနက်ရောင်သွေးတွေက တဖြည်းဖြည်း အရောင်ပြောင်းလာတဲ့အထိ  ဒဏ်ရာက အဆက်မပြတ် သွေး တစ်စက်စက် ကျနေသည် ။

သို့သော်လည်း, ဒဏ်ရာက အရမ်း
သေးတာကြောင့် သွေးစက် အနည်းငယ်
ကျပြီးနောက် ၎င်းဟာ သွေးပိုထွက်စေရန်
လုပ်ဖို့ ပိုမို ခက်ခဲလာ၏ ။ ဤကိစ္စကို နားလည်လိုက်တာနဲ့, ချောင်မိုယွီက
ယဲ့ဖေးချန်ရဲ့ လက်ကို မြှောက်ပြီး သူမ ပါးစပ်နား ယူလိုက်တယ် ။

သူမ ဘာလုပ်ဖို့ကြိုးစားနေလဲ ယဲ့ဖေးချန် ချက်ချင်း နားလည်လိုက်တာကြောင့် သူက
သူ့လက်ကို အလျင်အမြန် ရုပ်သိမ်းလိုက်တယ် ။
" မင်း အဆိပ်မိလိမ့်မယ်! " စက္ကန့်အနည်းငယ်မှာပဲ, ယဲ့ဖေးချန်ဟာ သူ့လက်ဖဝါးတွေပေါ်တွင်
ထုံကျင်မူကို ခံစားနေရပြီ ဖြစ်သည် ။
ဒီလို ပြင်းထန်တဲ့ အာရုံတစ်ခုနှင့်အတူ,
မြွေရဲ့ အဆိပ်က အားမနည်းဘူးဆိုတာ သိသာတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now