အခန်း ၁၁၃ ။ မင်း ဘာပဲ ဖြစ်နေပါစေ လှတယ် (၂)

169 16 2
                                    

အခန်း ၁၁၃ ။ မင်း ဘာပဲ ဖြစ်နေပါစေ လှတယ် (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 23 , 2024
=====================

သူက ထပ်ပြောလိုက်တယ်,
" တူညီတဲ့ နှစ် နဲ့ လမှာ ချောင်ရုံဟွမ်
ဘာလုပ်နေခဲ့လဲ ဆိုတာကို ပါ သွားပြီး
စုံစမ်းစစ်ဆေး လိုက်"

" မစ်ရုံဟွမ်ကို စုံစမ်းစစ်ဆေး ရမှာလား?" ချောင်ရုံဟွမ် အပေါ် သူတို့သူဠေးရဲ့ ခံစားချက်တွေ ကြောင့် အပြင်လူတွေ အလွန်အံအားသင့်ခဲ့ရသည်။

" ဟုတ်ကဲ့, သူမကို ပြည့်ပြည့်စုံစုံ
စုံစမ်းစစ်ဆေး လိုက်ပါမယ်!"
ရှင်းရီချန်း က သူ့စကားတွေကို အပြီးသတ်ပြီးနောက် ဖုန်းချလိုက်တယ်။

အကယ်၍ ချောင်မိုယွီက သူမရဲ့ မီးလောင်ဒဏ်ရာတွေကို ကုသဖို့ နိုင်ငံခြား မသွားခဲ့ဘူး
ဆိုရင်, ဒါဆို ဖေဖေချောင်က သူမ ဆေးရုံ
သွားခဲ့တာကို မငြင်းပယ်သင့်ဘူး ။ အဲ့ဒီအစားချောင်မိုယွီက သူမရဲ့ မီးလောင်ဒဏ်ရာကို ကုသဖို့ သွားခဲ့တယ်ဆိုတာကို
သူ ငြင်းပယ်သင့်တာ ။
( L/N ပြောချင်တာက ကွာ ချောင်မိုယွီ ဒဏ်ရာကိုကုသဖို့ နိုင်ငံခြား မသွားခဲ့ဘူးဆိုရင် ဖေဖေချောင်က သူမ ဆေးရုံသွားတယ်ဆိုတာကို မငြင်းဘဲ ချောင်မိုယွီ ဒဏ်ရာရခဲ့တယ်ဆိုတာကို ငြင်းသင့်
တာပါ ။ တကယ်သာ ဒဏ်ရာမရခဲ့ဘူးဆိုရင်
ဒဏ်ရာမရခဲ့ပါဘူး ဆေးရုံဘာလို့ သွားရမှာလဲ လို့ ငြင်းရမှာကွာ ဒါပေမဲ့သူက နိုင်ငံခြား က ဆေးရုံကို မသွားခဲ့ဘူးလို့ ငြင်းခဲ့တာမို့
ဒဏ်ရာရခဲ့တယ်ဆိုတာ အမှန်ပါလို့ ပြောသလို ဖြစ်သွားပါတယ်နားလည်လား မသိဘူး နားမလည်ရင် ဖြည်းဖြည်း လေးနဲ့ နှစ်ခါလောက်ဖတ်ကြည့်ပါ ဒါက Li နားလည်သလို ပြောပြတာပါ )

ဒါဆို, သူ မသိသေးတဲ့ တစ်စုံတစ်ခု ရှိနေရ
မယ်!

ထိုမွန်းလွဲပိုင်းတွင်, ယဲ့ဖေးချန် က ချောင်မိုယွီ ရဲ့ အဖွဲ့ကို ဝင်ရောက်ခဲ့တယ် ။

ချောင်မိုယွီက လတ်ဆတ် တဲ့ ပန်း အချို့ နှင့်
မိုးမခ သစ်ကိုင်များ ကိုသာ ခူးထားတာကို
မြင်တဲ့အခါ, ယဲ့ဖေးချန် က မတတ်နိုင်စွာ
အကြံပေးလိုက်တယ်, " မိုယွီ, ဒီအရာတွေက
စျေးမြင့်မြင့် နဲ့ ရောင်းလို့မရဘူး ။ ရှေ့မှာ
သစ်ကြားသီးပင် တစ်ပင်ရှိတယ်, အသီးတွေ
ရင့်မှည့်လုနီး ဖြစ်ဖို့ အကောင်းဆုံး ရာသီပဲ ။
အဲ့ဒီအစား ကိုယ်တို့ သစ်ကြားသီး အချို့ သွား
ကောက်နိုင် တယ်, အထူးသဖြင့် ဒီရက်တွေ
အတွင်း မြို့က လူတော်တော်များက
သစ်ကြားသီးတွေနဲ့ ကစားရတာကို ပျော်မွေ့
ကြတယ် ။ ကိုယ်တို့ ကံကောင်းရင်, အတော်လေး
ကောင်းတဲ့ စျေးနူန်းနဲ့ ရောင်းနိုင်တဲ့ တစ်ထေရာတည်းတူတဲ့ သစ်ကြားသီး တစ်စုံကို ကိုယ်တို့
ရှာတွေ့နိုင်တယ်လေ"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now