အခန်း ၂၁ : အနက်ရောင် ဦးထုပ် (၃)

1.4K 184 3
                                    




Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ;November 12 , 2022
==================



" ​ကောင်းပြီ , ​နောက်​ တစ်​ခန်းအတွက်
အဆင်​သင့်​ပြင်​ထားကြ , " ဒါရိုက်​တာကြီးက
ပျော်​ရွှင်​စွာ နဲ့ အလွန်​အမင်းရယ်​​​မော​နေကြတဲ့ လူအုပ်​ကြီးကို သတိ​ပေးလိုစွာဖျက်​ကနဲကြည့်
ပြီး ​ပြောလိုက်​တယ်​ ။ သူက ​ချောင်​မိုယွီ ထံ
နီးကပ်​လာပြီး သူမကို သတိ​ပေးလာတယ်​,
"မင်းချစ်​သူက မင်းရဲ့အ​ဖေအတွက်
လက်​စား​ချေ​ပေးပြီး​နောက်​မှာ ဒဏ်​ရာရပြီး
သွေး​တွေရွှဲရွှဲစို​နေတာကို မင်းမြင်​လိုက်​ရတယ်
ကွာ ။ မင်း ဘယ်​လို အမူအရာရှိ​နေသင့်​တယ်
လို့ မင်းထင်​လဲ ?"

ဒါရိုက်​တာကြီးက သူမကို ကူညီပြီး ဘယ်​လို
သရုပ်​​ဆောင်​ရမယ်​ဆိုတဲ့အ​ပေါ် သွယ်​ဝိုက်​ပြီး
နည်းလမ်းပြ​နေတာကို ​ချောင်​မိုယွီသိလိုက်
တယ်​ , ဒါ​ကြောင့်​ သူမ စိတ်​ပါလက်​ပါ ပြန်
ဖြေလိုက်​တယ်​ :
"အဲ့ဒါက စိုးရိမ်​ ပူ​ဆွေးသင့်​တာလား?"

" ဇာတ်​​ကောင်​အ​နေနဲ့ , မင်းက သူ့ရဲ့ ​ကောင်း
မွန်​တဲ့ ရည်​ရွယ်​ချက်​​တွေကို အထင်​လွဲမှားခဲ့မိ
တယ်​ဆိုတာ မင်းနားလည်​ခဲ့တယ်​​ ;
မင်းလဲ ​သူ့ရဲ့ နာကျင်​​နေတဲ့ ဒဏ်​ရာ​တွေကို
မြင်​ခဲ့ရပြီး မင်းရဲ့ အမုန်း​တရား​တွေနဲ့
လက်​စား​ချေမူ​တွေကို သူက ​ဖြေရှင်း​ပေးခဲ့
တယ်​ဆိုတာ သိခဲ့ရတာ​လေကွာ !"

ဒါရိုက်​တာက သက်​ပျင်းချပြီး ​ပြောလာတယ်​,
" ​ကောင်းပြီ , အဆင်​သင့်​ပြင်​​တော့!
ဒီည​နေခင်း မင်းအိမ်​ပြန်​တဲ့အခါ , ဇာတ်​ညွှန်းကို ​သေချာ​လေ့လာ! အဲ့ဒီမှာ မင်းနားမလည်​​တဲ့
နေရာအချို့ရှိ​နေ​သေးတယ်​ဆိုရင်​ , ငါတို့
အဖွဲ့သား​တွေ ပြန်​စုံတဲ့အခါ , မင်းရဲ့ စီနီယာ
တွေကို ​မေးဖို့ တုံ့ဆိုင်းမ​နေနဲ့ "

" ဟုတ်​ကဲ့ပါ " သူမက နှိမ့်​ချစွာ ​ခေါင်းငြိမ့်
လိုက်​တယ်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now