အခန်း ၁၂၀ ။ ကျွန်မက ကြွက်သားတွေနဲ့ အမျိုးသားတွေကို ကြိုက်တယ် (၃)

150 16 2
                                    

အခန်း ၁၂၀ ။ ကျွန်မက ကြွက်သားတွေနဲ့ အမျိုးသားတွေကို ကြိုက်တယ် (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
===================

သူက နာနီယွီကို မေးဖို့ လှည့်လိုက်ပြီး,
" အန်တီ, လော့လော့မှာ ကြွက်သားတွေရှိလား?"

နာနီယွီ က ကောင်ကလေးရဲ့ လေးလေးနက်
နက် နဲ့ စိတ်လူပ်ရှား နေတာကို မြင်တာကြောင့် သူမ မတတ်နိုင်စွာ ရယ်မောပြီး ပြန်ဖြေလိုက်တယ်, " ဒါပေါ့ ပေါင်ပေ့မှာ ကြွက်သားတွေ ရှိတယ် ။ ကြည့်, ပေါင်ပေ့ရဲ့ လက်ကောက်ဝတ်က ကြွက်သားတွေနဲ့ ပြည့်နေတာ!"

ကောင်ကလေးက ကြာစွယ်မြစ်လေးနဲ့ ဆင်တူသည့် နူးညံ့ပြီး ပျော့ပျောင်းတဲ့ ဖြူဖွေးဖွေး လက်ကောက်ဝတ်လေးကို ကြည့်လိုက်တယ်။ သူက ၎င်းကို ထိလိုက်ပြီး လျို့ဝှက်စွာ ပြုံးလိုက်တယ် — မားမားက ပေါင်ပေ့ကို ကြိုက်တာ အသေအချာပဲ!

သူတို့ဟာ ပရိုဂရမ်ကို ဆက်ကြည့်ခဲ့  ကြတယ်။ တစ်နေ့တာအတွက် ရိုက်ကူးပြီး သွား ပြီ ဖြစ်တာကြောင့် ချောင်မိုယွီ နဲ့ အခြားသူတွေက  ဟိုတယ် သို့ စတင် ပြန်လာကြတော့တယ် ။

ဟိုတယ်သို့ အပြန်လမ်းပေါ်တွင်,
ကြည့်လင်နေတဲ့ လ နဲ့ ကောင်းကင်တွင်
တလက်လက် တောက်ပနေတဲ့ ကြယ်
အချို့ကို သူမ မြင်ရတယ် ။ နောက်ထပ်
ကြည်လင်ပြီး လှပတဲ့ နေ့တစ်နေ့ပဲ ။

ရှင်းဝမ်ရွှမ်း နဲ့ ချောင်ရုံဟွမ် က ရှေ့တွင် လမ်းလျှောက်နေခဲ့တယ် ။ သူမတို့ စကားပြောနေစဥ် နှစ်ဦးသား ရယ်မောနေခဲ့သော်လည်း,ရှင်းဝမ်ရွှမ်းက ချောင်ရုံဟွမ် ထက် စကားပိုပြောနေတာ သိသာတယ် ။

ကျုံးယွင်ချွမ်း နဲ့ ဝမ်ခွမ်းမင် က သူတို့နောက်
က လိုက်လာခဲ့တယ် ။ သရုပ်ဆောင်နှစ်ဦးရဲ့
အဆင့်အတန်းတွေက B-list နဲ့ C-list ကြား
အနုပညာရှင်များ ဖြစ်သည် ။ သူတို့ဟာ
အသက်အရွယ် တူ ဝန်းကျင်လောက် ဖြစ်သော်လည်း, သူတို့ဟာ မတူညီတဲ့ သရုပ်ဆောင် စတိုင်တွေ ရှိကြတယ်, ဒါကြောင့် သူတို့ဟာတစ်ယောက်နဲ့တစ်ယောက် မကြာခဏ ဆန့်ကျင်  ပြိုင်ဆိုင်မူ မရှိဘူး ။ ဒါကြောင့်,သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတော်လေး အဆင်ပြေခဲ့ကြတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now