အခန်း ၈၁ ။ ဖမ်းမိပြီ (၆)

451 63 0
                                    

အခန်း ၈၁ ။ ဖမ်းမိပြီ (၆)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: July 6 , 2023 ( Thursday  )
========================

ဒါကြောင့်, နောက်တစ်နေ့တွင်
အမေနဲ့သား စုံတွဲဟာ သူတို့ရဲ့
မနက်စာကို အပြီးသတ်ပြီး သူတို့ရဲ့
ဝတ်စုံတွေကို လဲဖို့ အိမ်ပြန်လာခဲ့တယ် ။

အရင်ကနဲ့ ယှဥ်ရင် ယခု
ချောင်မိုယွီ က အတော်
ကလေး ကျော်ကြား နေပြီဖြစ်တာကြောင့်
ဒီတစ်ကြိမ်တွင် သူမက
မိတ်ကပ်နဲ့ ဖုံးကွယ်တာကို အများကြီး
ပိုပြီး အလေးထားရတယ် ။

မျက်နှာ ပုံသွင်း နည်းပညာကို အသုံးပြုပြီး,
သူမက သူမ မျက်နှာရဲ့ ကောက်ကြောင်းကို
ခိုင်မာပြီး တည်ကြည်ပြတ်သားတဲ့ပုံ
ပြုလုပ်လိုက်
တယ် ။ သူမရဲ့ မျက်ခုံးတွေကိုလဲ ထူစေ
လိုက်ကာ, သူမကိုယ်သူမ
လည်စလုတ် ဆွဲလိုက်
ပြီး သူမ မေး နဲ့ အပေါ်နူတ်ခမ်းကို
မူတ်ဆိတ်မွေးငုတ်တိုလေးတွေ
ရှိနေသလို အသွင်အပြင် ပုံစံ
ပြုလုပ်လိုက်တယ် ။

အဝတ်လဲပြီးနောက်, သူမက မှန်ကို
တစ်ချက်ကြည့်ပြီး စိတ်ကျေနပ်စွာ
ပြုံးလိုက်တယ် ။ ဒီပုံနဲ့ဆို , သူမကို တစ်ယောက် မှ မ မှတ်မိသင့်ဘူး
ဟုတ်တယ်မလား?

သူမက သူမရဲ့ ရင်ဘက်ကို စည်းလိုက်ပြီး
ချောင်နေတဲ့ တာအိုဝတ်ရုံကို
ဝတ်ဆင်ထားတာကြောင့် သူမ ရင်ဘက်က အရမ်း မသိသာဘူး။
သူမရဲ့ ဝတ်စုံတွေကို လဲ ပြီးနောက်, သူမဟာ
လော့လော့ကို ဝတ်ဆင်ပေးဖို့ ဆက်လုပ်လိုက်တယ်။

ကောင်လေးဟာ ဆံပင်အတု တစ်ခုသာ ဝတ်ဆင်ရန် လိုအပ်ခဲ့တာကြောင့် သူဟာ မည်သည့် မိတ်ကပ်မှ လုံးဝ မလိုအပ်ဘူး ။ ဒီတစ်ကြိမ်မှာတော့, ချောင်မိုယွီက သူမသားရဲ့ ဆံပင်အတုကို
ကြာရွက်တစ်ခုနှင့် အထူး တန်ဆာဆင်ထားခဲ့
သည် ။ ဒါ့အပြင် ,သူမက သူ့ကို အစိမ်းရောင်
တာအို ဝတ်ရုံနဲ့ အဝတ်ဖိနပ်တွေကို
ဝတ်စေပြီး မကြာသေးမီ ကမှ
မော်ဒန်ကမ္ဘာကို ကူးပြောင်း
လာတဲ့ ပညာရှိလူရည်မွန်လေးတစ်ယောက်နဲ့
တူအောင် သူ့အား ပြုလုပ်ပေးလိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now