အခန်း ၆၃ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၃)

722 103 0
                                    

အခန်း ၆၃ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  May 8 , 2023 ( Monday  )
========================

သူတို့ ရုပ်ရှင် ရိုက်ကူးနေစဥ် ယဲ့ဖေးချန်နဲ့ ချောင်မိုယွီရဲ့ ရင်းနှီးလှတဲ့ အနမ်းကို ဘုရင်ခံရဲ့ နန်းတော်မှာ အလုပ်လုပ်တဲ့ စီမံအုပ်ချုပ်သူ တစ်ယောက်က ရိုက်ကူးယူခဲ့တယ် ။

အဲ့ဒီနေ့က တံခါးတွေ လော့ခ်ချဖို့ သူမ လာခဲ့သော်လည်း သူမက အချိန် မှားပြီး လာမိ
တာမို့သူတို့ ရုပ်ရှင်ရိုက်နေစဥ် သရုပ်ဆောင်တွေကိုမြင်ဖို့ ဖြစ်လာခဲ့တယ် ။

စုံတွဲဟာ အတူတကွ ဘယ်လောက်တောင် နီးကပ်နေလဲ မြင်တဲ့ အခါ, အုပ်ချုပ်စီမံသူ အမျိုးသမီး ဟာ သူမ ဖုန်းကို ထုတ်ယူပြီး ပုံတစ်ပုံကို တိတ်တဆိတ် ရိုက်ယူလိုက်တယ် ။

ရိုက်ချက်ဟာ အတော်လေး ဝေးသော်လည်း,
သူမက ဓာတ်ပုံကို အကြီးချဲ့ပြီးနောက် ၎င်းဟာချောင်မိုယွီ နဲ့ ယဲ့ဖေးချန် နမ်းနေကြတယ်ဆိုတာ သိသာနေခဲ့တယ်!

ထိုညနောက်ပိုင်းတွင်, သူမ​က ဒီဓာတ်ပုံကို
သူမရဲ့ Weibo ပေါ် တင်ပြီး မှတ်ချက်ရေးခဲ့
တယ်: " ဘာကြောင့် အမျိုးသား နတ်ဘုရားရဲ့ လူစားထိုး သရုပ်ဆောင်က အရမ်း ချောမောခန့်ညား​နေ ရတာလဲ!သူက
ယဲ့ဖေးချန်နဲ့ တစ်ထပ်တည်း တူမနေဘူးလား?"

ပထမတွင်, သူမ Weibo ၌  ယဲ့ဖေးချန်ရဲ့ လူစားထိုးက အရမ်းချောကြောင်း ပြောတဲ့ ဖန်တွေရဲ့ မှတ်ချက် အနည်းငယ်သာရှိ
သည် ။
သို့သော် လည်း, နောက်တစ်နေ့မှာ သူမ သူငယ်ချင်းက ဓာတ်ပုံကို ပြန်လည် post တင်ပေးတတ်တဲ့ နာမည်ကြီး  ဘလော်ကာ တစ်ယောက်ထံ ပေးပို့ခဲ့ပြီး မကြာခင်မှာပဲ အင်တာနက်၌ စိတ်လူပ်ရှားမူတွေ ပေါက်ကွဲလာတော့သည် ။

" ဘုရားရေ, ရုပ်ရှင်ဧကရာဇ်ယဲ့ ရဲ့ ဒုတိယမြောက်လူက  ဘာကြောင့် အရမ်း ချောနေရတာလဲ! ပြီးတော့ သူ့ရဲ့ စိတ်နေသဘောထားက ထင်ရှားနေတယ်!"

"နေဦး, ရုပ်ရှင်ဧကရာဇ်ယဲ့ မှာ သူကလေးဘဝတည်းက တသီးတသန့် နေတဲ့ အမွှာ ညီအစ်ကို တစ်ယောက် တကယ်ကြီး ရှိနေနိုင်လောက်တယ်!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now