အခန်း ၅၂ ။ မင်း မျက်နှာ နာရဲ့လား? (၁)

1K 149 2
                                    

အခန်း ၅၂ ။ မင်း မျက်နှာ နာရဲ့လား? (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 29 , 2023
========================



တစ်ခဏကြာပြီးနောက်, ရယ်ဖေးချန် နဲ့ ချောင်မိုယွီ ဟာ ကင်မရာရှေ့တွင် ရပ်နေခဲ့တယ် ။

လက်ထောက်ဒါရိုက်တာ က အချက်ပြလိုက်တဲ့အခါ ရယ်ဖေးချန်ရဲ့ လူက ချက်ချင်း ပြောင်းလဲသွားခဲ့တယ် ။သူက ခန့်ညားထည်ဝါတဲ့ အရောင်အဝါ တွေ ထုတ်လွှတ်လာပြီး သူ့ရဲ့ တည်ငြိမ်တဲ့ အမူအရာက အခုချိန်တွင် ပြင်းထန်ရက်စက်မူတွေ စွန်းထင်းနေခဲ့
တယ် ။ သူက ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ မြင်းပေါ်မှာ တောက်ပတဲ့ မြင်းစီးသူရဲ လှံတံကို ကိုင်စွဲထားသလို တိုက်ပွဲ ရဲ့ အရသာ ကို မြည်းစမ်းနေတဲ့ စစ်သည်တစ်ယောက်ရဲ့ ပြယုဂ် တစ်ခုဖြစ်လာသည် ။ ဟောခန်းထဲက လေထုဟာ ယမ်းမူန်တွေနဲ့ အမြောက်တပ်တွေ ပြည့်နေတဲ့ စစ်မြေပြင်ထဲကို ကူးပြောင်းသွားသလို လေးလံနေခဲ့တယ် ။

ချောင်မိုယွီက သူ့ရှေ့မှာ ရပ်နေပြီး သူ့ခံစားချက်ပြောင်းလဲသွားတာကို ခံစားလိုက်ရကာ, သူမ နှလုံးသားထဲကနေ မတတ်နိုင်စွာပဲ သက်ပြင်းချလိုက်တယ် ။ ရယ်ဖေးချန်က
တကယ့်ကို သူ့ရဲ့ ရုပ်ရှင်ဧကရာဇ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထိုက်တန်တယ်။ သူက သူ့ရဲ့ ဇာတ်ကောင်ထဲကို အလွန် အလျင်အမြန် ဝင်ရောက်ပြီး ချက်ချင်း သူမကို
ဒရမ်မာထဲ အလွယ်တကူ ​ဆွဲခေါ်သွားသလိုပင် ။သူက တကယ့်ကို ပရမ်းပတာ ခေတ်ထဲက ကွန်မန်ဒါ တစ်ယောက် လို ထင်ရတယ် ။

ချောင်မိုယွီ က အများကြီး မတွေးဖို့ သူမကိုယ်သူမ တွန်းအားပေးလိုက်တယ် ။ သူမက သူမကိုယ်သူမ အတင်းအကြပ် တည်ငြိမ်သွားစေပြီး သူမ မျက်လုံးတွေကို ပိတ်လိုက်တယ် ။ တစ်ခဏမှာ, သူမက မျက်လုံး
ပြန်ဖွင့်လာခဲ့တယ်ဒါပေမဲ့ ဒီအချိန်မှာတော့ သူမ က ကွဲ ပြားခြားနား
နေတဲ့ အရှိန့်အဝါ နဲ့ ။

ဒရမ်မာထဲက အမျိုးသမီး ဇာတ်လိုက်ဟာ တကယ်ကို သာမန် မိန်းကလေးတစ်ယောက်ပင် ။သို့ပေမဲ့ သဲထဲမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်, သူမက မသိမိုက်မဲ တဲ့ မိန်းကလေးမဟုတ်တော့ဘူး ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now