အခန်း ၂၈ : လော့လော့နဲ့ တွေ့ဆုံခြင်း(၁)

1.4K 188 19
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; December 24 , 2022
==================

လော့​လော့​ဘေးကို နာနီယွီ ​ရောက်​သွားတဲ့
အခါ သူမက သူမ​ခေါင်းကိုလှည့်​ပြီး ဆိုင်းဘုတ်​​ရှေ့မှကိုးရိုးကားရား လဲ​နေတဲ့ မိန်းက​လေးကို
မြင်လိုက်​​တယ်​ ။ ရုတ်​တရက်​ပင်​ , ဖြစ်​ပျက်​ခဲ့တာ​တွေ အားလုံးကို သူမ နားလည်​သွားခဲ့
တယ်​ ။

သူမ ရဲ့ ဦး​ရေပြား က ထုံကျင်​လာပြီး သူမက
က​လေး​လေးကို အလျင်​အမြန်​ ပဲ ​ပွေ့ချီလိုက်
တယ်​ ။

ထိုအချိန်​မှာပဲ မိန်းက​လေးဟာ ​ဘေးပတ်
လည်​ကို မ​အော်​ဟစ်​ခင်​ သူမ အ​ဖော်​က သူမကို ဆွဲထူလိုက်​တယ်​ ​, " ငှက်​​ပျောသီးခွံကို ဘယ်​သူပစ်​တာလဲ!"

သို့​သော်​ ဘယ်​သူမှ ပြန်​မ​ဖြေတာ​ကြောင့်​ ,
သူမက ​ကောင်​တာမှ ​ငွေကိုင်​ဆီကို လှည့်​ပြီး
ပြောလိုက်​တယ်​ , " နင်​အဲ့ဒါ ကို ပစ်​လိုက်​တာ
လား? ဒီ စီမံခန့်ခွဲ မူဧရိယာက နင့်​ စတိုး ရဲ့
အပိုင်းပဲ ။ ငါက ဒီမှာ ငှက်​​ပျောသီး အခွံကို
နင်းမိတာ အဲ့တာ​ကြောင့်​ နင့်​ရဲ့ တာဝန်​မဖြစ်
သင့်​ဘူးလား? နင့်​ရဲ့ မန်​​နေဂျာ ဘယ်​မှာလဲ?"

ဆိုင်​အကူက ရွှံ့ထဲကို မဆွဲချချင်​ပင်​မဲ့ မီးပွားက
သူမ ဘက်​လှည့်​လာလိမ့်​မယ်​လို့ မ​မျှော်​လင့်
ထားဘူး ။ဒါ​ကြောင့်​ သူမက မြန်​မြန်​ ပြန်​​ပြော
လိုက်​တယ်​ ," ဟိုနားမှာ ၃ နှစ်​အရွယ်​ဝန်းကျင်​​လောက်​ က​လေးတစ်​​ယောက်​ရှိတယ်​ ,သူ ပစ်
လိုက်​တာ!"

ထိုအခိုက်​အတန့်​ မှာ , ​လော့​လော့က သူ့ပါးစပ်
လေးကို အလျှင်​အမြန်​ ဖုံးလိုက်​ရင်း ;
သူ့ပါးပြင်​​တွေက စိုးရိမ်​ပူပန်​မူနဲ့အတူ ​ဖောင်း
နေပြီး သူ့မျက်​လုံး​လေး​တွေက ပြူးကျယ်​​နေ
ခဲ့တယ်​ ။

ဒီအချိန်​မှာ​တော့ , လူစုရဲ့ အာရုံစိုက်​မူဟာ
ဆိုင်းဘုတ်​နားက က​လေး​လေးဆီကို အလျှင်
အမြန်​ကူး​ပြောင်းသွားခဲ့တယ်​ ။ က​လေးတစ်
ယောက်​ဟာ တကယ်​ပဲ ပိုစတာ​နောက်​မှာ
ပုန်း​နေတာကိုသူတို့ ရှာ​တွေ့လိုက်​ကြတယ်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now