အခန်း ၁၁၇ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၃)

133 18 2
                                    

အခန်း ၁၁၇ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
===================

သူ အသက် ၁၇ နှစ် အရွယ်က, သူ နေရာတစ်ခုကိုသွားခဲ့ပြီး မီးလောင်နေတဲ့ အဆောက်အဦးထဲ ပိတ်မိနေတဲ့အချိန် လူစိမ်းအမျိုးသမီးတစ်ယောက်ရဲ့ ကယ်တင်ခြင်း ခံခဲ့ရတယ် ။ သူ လုံခြုံဘေးကင်းစွာ ပြန်ရောက်လာတဲ့အချိန်,ချောင်မိုယွီက ပညာသင်ဖို့ နိုင်ငံခြားကို သွားတယ်ဆိုတဲ့ သတင်းတွေကို သူကြားခဲ့ရတယ် ။

ခြောက်လအတွင်း, သူမက သူနဲ့ အဆက် အသွယ်လုံးဝ မရှိခဲ့ဘူး ။ ၎င်းက သူမဟာ သူ့ကမ္ဘာက ပျောက်ကွယ်သွားသလိုပါပဲ။

သူမ မရှိတဲ့ အချိန်အတောအတွင်း,သူ့ကို
ဒေါသထွက်အောင်ပြုလုပ်နေတဲ့ သူမအပြုံး
ကို သူ မကြာခဏ အမှတ်ရမိခဲ့တယ် ။
ဒေါသက တဖြည်းဖြည်း အမြစ်တွယ်ပြီး
အမုန်းသို့ ပြောင်းလဲသွားခဲ့တယ် ။၎င်းက
သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေးနဲ့ နိူင်းယှဥ်လိုက်ရင် ချောင်မိုယွီက ပြောဖို့တောင်
မတန်ဘူးလို့ သူ့ကို ခံစားရအောင်ပြုလုပ်
ခဲ့တယ် ။

သူဟာ ၎င်းက အမှန်ဆိုတာ သိလိုက်ရတယ်။ သူမ အချစ်က အရမ်း အပေါ်စားဆန်တယ်။ အပေါ်စားဆန်တယ်လို့ ဆိုရတာကတော့, သူမကယဲ့ဖေးချန်လို အမျိုးသားကောင်းတစ်ယောက်ကိုတွေ့တဲ့အချိန်, သူမက သူ့ကို ကြိုက်နှစ်သက်မူတွေ ချက်ချင်းပေးပစ် လိုက်တယ် ။

ရှင်းရီချန်း အတွက်တော့ သူ့ကိုပြုံးပြတဲ့ သူမ အပြုံးက လှောင်ပြောင်သရော်မူတစ်ခုပဲ ။
နိုင်ငံခြားကို ပညာသင်ကြားဖို့ သူမ ထွက်ခွာသွားတဲ့ အဲ့ဒီနှစ်က သူမ သူ့ကိုပေးခဲ့တဲ့ လှောင်ပြောင်သရော်မူကို သူ့အား သတိရစေတယ် ။ 

ရှင်းရီချန်းဟာ သူ့နှလုံးသားထဲက မြင့်တတ်လာတဲ့ မှောင်မိုက်ခြင်းကို လျစ်လျူရူ ဖို့ အကောင်းဆုံး ကြိုးစားလိုက်တယ် ။ သူ့ကိုယ်သူ တည်ငြိမ်စေရန် အလို့ငှာ, သူက အနီးနားတစ်ဝိုက်ကို လှည့်ပြီး သူ့ရဲ့ email တွေကို စစ်ဖို့ ဘေးဘက်ကို လမ်းလျှောက်သွားခဲ့တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now