အခန်း ၆၈ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၈)

747 109 1
                                    

အခန်း ၆၈ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၈)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: May 24 , 2023 ( Wednesday )
========================

လက မြင့်ပြီးရင်း မြင့်လာတယ်,
ချောင်မိုယွီက
ကောင်းကင်ကို သတိပြုမိပြီး အမြန်တောင်းပန်လိုက်တယ်: " ကျွန်မ တောင်းပန်ပါတယ် ရုပ်ရှင်ဧကရာဇ်ယဲ့, ရှင့်ရဲ့ ညတစ်ဝက် ကို ကျွန်မ နှောင့်နှေးစေမိပြီ ! ရှင် အိပ်ဖို့ အရင်ပြန်သွား လိုက်မလား?"

သူမ စကားပြောနေရင်း သူမ အစာအိမ်က ရုတ်တရက် တကြုတ်ကြုတ်မြည်လာခဲ့
တယ် ။

ချောင်မိုယွီက ရှက်ရွံ့မူနဲ့ သူမ နူတ်ခမ်းကို ကိုက်ရင်း ပြုံးလိုက်ကာ, " ဒီနေ့လည်မှာ ကျွန်မလုံလောက်အောင် မစားခဲ့တာ ဖြစ်နိုင်တယ်"

ယဲ့ဖေးချန်က မျက်ခုံးကို ပင့်လိုက်ပြီး ပြောလာတယ်,
"ညစာနည်းနည်း သွားစားရအောင် "

" ရုပ်ရှင်ဧကရာဇ်ယဲ့ ရှင် ဗိုက်ဆာလို့လား?"
ချောင်မိုယွီက ယဲ့ဖေးချန်နောက်ကို အခြွေအရံလေးတစ်ယောက်လို လိုက်သွားခဲ့တယ်။

ပြန်မဖြေပဲ သူက သူမကို မီးဖိုချောင်ဆီ
တည့်တည့် ခေါ်သွားခဲ့တယ် ။

အထဲက ဝန်ထမ်းတွေဟာ တစ်နေ့တာအတွက် သူတို့ရဲ့ အလုပ်တွေ ပြီးဆုံး
သွားပြီ ဖြစ်သည်။
ယဲ့ဖေးချန် က မီးဖွင့်ပြီး ချောင်မိုယွီကို
မေးလာခဲ့သည်, " မင်း ခေါက်ဆွဲ
ချက်တတ်လား?"

သူမက ဒီတစ်ကြိမ်တော့ ခေါင်းငြိမ့်လာ၏,
" ချက်တတ်တယ်, ကျွန်မရဲ့ ခေါက်ဆွဲတွေက ပထမတန်းစားပဲ ။ ကျွန်မရဲ့ ခွန်အားကြီးတဲ့ အစ်ကို_ "

ဒါကို နူတ်မှ လွှတ်ခနဲ ထွက်သွားပြီးနောက်,
မူလပိုင်ရှင်မှာ ခွန်အားကြီးတဲ့ အစ်ကိုတွေ
မရှိဘူးဆိုတာ သူမ ရုတ်တရက် အမှတ်ရသွားတယ် ။
ချောင်မိုယွီက သူမ ရဲ့ စကားလုံး
အသုံးအနူန်းကိုပြောင်းလဲပြီး ပြောလိုက်တယ်, " ကျွန်မနေရာရဲ့အပေါ်ထပ်မှာနေတဲ့ ခွန်အားကြီးတဲ့ အစ်ကိုဆို
ပန်းကန်လုံးကြီး သုံးလုံး စားနိုင်တယ်!"

ဒါနဲ့ပဲ သူမဟာ မီးဖိုချောင်ဆီ ကို စိတ်အားထက်သန်စွာ ခုန်ကျော်သွားတောတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now