အခန်း ၈၄ ။ ဖော်ထုတ်ခြင်း (၁)

683 80 0
                                    

အခန်း ၈၄ ။ ဖော်ထုတ်ခြင်း (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: July 18 , 2023 ( Tuesday )
========================

ချောင်မိုယွီ ဟာ ယဲ့ဖေးချန် သူမအား စိုက်ကြည့်တာ ကို မြင်တဲ့အခါ ,သူမရဲ့
ပထမဆုံး တုံ့ပြန်မူက ထွက်ပြေးဖို့ပင် ။

0.01 စက္ကန့်အတွင်းမှာပဲ, သူမ
ခြေထောက်တွေက အဆင်သင့်ဖြစ်နေပြီး အဝေးကို ထွက်ပြေးဖို့ သူမအတွက်
ပြင်ဆင်ထားခဲ့သော်လည်း သူမ ဦးနှောက်
က လည်ပတ်လာတာနဲ့ အခြားပြသနာ
တစ်ခုကို သူမ နားလည်လိုက်တယ်။

သူမ ထွက်ပြေးရင်,ဒါက ငွေချောင်း သုံးရာ ဘယ်မှာသိမ်းထားလဲ ဖော်ပြနေသလို ဖြစ်မနေဘူးလား?!

(ET/N: တရုတ် ဒေသိယ အဓိပ္ပါယ်က
လူတစ်ယောက်က တစ်စုံတစ်ခုကို ဖုံးကွယ်
ချင်ပေမဲ့ ထိုအစား အဆုံးမှာ မြင်သာအောင်
ပြသမိသွားတယ် ။ ၎င်းဟာ ရိုးရာပုံပြင်တစ်ခုအပေါ် အခြေတည်ထားတာပင်, ငွေတွေကို
မြုပ်နှံထားတဲ့ ကျန်းစန်း အမည်ရတဲ့
အမျိုးသားတစ်ယောက် ဟာ ၎င်းကို
အခြားသူတွေ ခိုးယူသွားမှာ ကြောက်ရွံ့
တယ် ။ဒါကြောင့် သူက စာတိုတစ်ခု
ချန်ထားခဲ့တယ်: ' ဒီနေရာမှာ ငွေချောင်း ၃၀၂ ချောင်း မရှိပါ ' ။ ထိုအချိန်
မှာ, အိမ်နီးချင်း ဝမ်အာ က ပိုက်ဆံကို
ခိုးယူပြီး စာတိုလေးတစ်ခု ချန်ထားခဲ့တယ် :
' ဘေးအိမ်မှ ဝမ်အာ မခိုးပါ')

ထို့အပြင်, သူမရဲ့ ဘာသာရေးဟင်းလင်းပြင်ဂိုဏ်းက တည်ထောင်ပြီး ဖြစ်သည် ။
ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့
သူမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ တစ်စုံတစ်ယောက်ကို မြင်ပြီး ချက်ချင်း အဝေးထွက်ပြေးမယ်ဆိုရင်... သူမရဲ့ ကိုယ်ပိုင် နာမည်ကို
အသရေဖျက်လိုက်တာနဲ့
သူမ အဆုံးသတ် မသွားနိုင်ဘူးလား?!

နောက်ဆုံးမှာတော့, သူမ တကယ် မလိမ်ညာ
ချင်ဘူး ။ သူမက အလင်းဖွင့်ခြင်းအတွက် အစစ်အမှန် စွမ်းရည် ရှိတယ်!

ဒါ့အပြင်, သူမ ဒီလို ဝတ်စားထားရင် ရယ်ဖေးချန်က သူမကို မှတ်တောင် မှတ်မိ နိုင်မှာ မဟုတ်ဘူး!

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now