အခန်း ၇၀ ။ တူညီတဲ့ အတွေ့အကြုံ (၂)

599 85 1
                                    

အခန်း ၇၀ ။ တူညီတဲ့ အတွေ့အကြုံ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  June 2  ( Friday     )
========================


သူတွေ့ခဲ့တဲ့ လူက ရန်သူတစ်ယောက်လား
ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်လား ဆိုတာ ချောင်မိုယွီ သူ့ကို မေးလိုက်ချင်ပင်မဲ့ သူမက
ဆန္ဒကို တွန်းလှန်လိုက်ပြီး ၎င်းကို ရိုးရိုး ရှင်းရှင်း
ရယ်မောရင်းနဲ့ပဲ, " တကယ်လား?
ကျွန်မက အခုတလော ပိုပြီး
ရေပန်းစားလာလို့ ဖြစ်နိုင်တယ်"

ရလဒ်အနေနဲ့, ယဲ့ဖေးချန်က ပို ပြီး
ဖြောင့်မက်
တဲ့ ဟန်ပန် နဲ့ ပြန်ပြောလာခဲ့တယ်,
" အတွေ့အကြုံ က မင်းနဲ့ အရမ်း
ဆင်တူနေတယ် "
(သူက ဒီမှာ အရသာ က လို့လဲ အဓိပ္ပါယ် ထွက်တယ်)

ချောင်မိုယွီ: " … " သူမ အခု သေချင်ယောင် ဆောင်လိုက်လို့ ရနိုင်လား?

သို့သော်လည်း မကြာမီတွင်, ယဲ့ဖေးချန်က
သူ့ရဲ့ ပုံမှန် အသွင်အပြင်ကို ပြန်ရောက်သွား
ပြီး ပေါ့ပါးစွာ ပြောလာတယ်, "ဘာပဲ ဖြစ်ဖြစ်
ကိုယ် အဲ့ဒါကို ရှာပြီး အတည်ပြုမယ်"

" အိုး, ကောင်းတာပေါ့! " ချောင်မိုယွီက
ပြုံးကာ
သူမ မျက်နှာကို ဖြေလျော့ရင်း စိတ်အေးလက်အေး ဖြစ်နေပုံ ဟန်ဆောင်လိုက်တယ် ။

စုံတွဲဟာ သူတို့ရဲ့ ခေါက်ဆွဲတွေကို
စားပြီးနောက်
စားပွဲကို သန့်ရှင်းကာ ထမင်းစားခန်းမှ အတူ ထွက်ခွာလာကြတယ် ။

လရောင်အောက်တွင်, လူနှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ ဘေးချင်းကပ် လမ်းလျှောက်နေခဲ့သည် ။
အချိန်က နှေးသွားပုံပေါ်တယ် ။ သူတို့ဟာ နောက်ထပ် စကားမပြောကြတော့ဘဲ သူတို့အခန်းကို တိတ်တဆိတ် ပဲ ပြန်လာခဲ့ကြတယ် ။

နောက်ရက် အနည်းငယ်တွင် အဖွဲ့ဟာ ဗီလာတွင်
ရှိတဲ့ ဇာတ်ကွက်တွေကို ရိုက်ကူးခဲ့တယ် ။ 

သူမ ဖုန်းမြည်လာတဲ့အချိန် ချောင်မိုယွီဟာ နေ့လည်လောက်တွင် သူမရဲ့ တစ်ကိုယ်တည်း ဇာတ်ကွက် ရိုက်ပြီးသွားခဲ့ပြီ ။

သူမု ၎င်းကို ကောက်ယူပြီး စက်ခရင်ကို
ကြည့်လိုက်ရာ, နာနီယွီ ဖြစ်နေသည် ။ သူမက ဖုန်းကို
အမြန်ဖြေလိုက်ပြီး ၎င်းကိုဖြေရန်
ချောင်ကျတဲ့
နေရာသို့ သွားလိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now