အခန်း ၅၈ ။ အလင်း ဖွင့်ခြင်း (၁)

859 107 3
                                    

အခန်း ၅၈ ။ အလင်း ဖွင့်ခြင်း (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 19 , 2023 (Wednesday )
========================

ချောင်မိုယွီ စကားပြောပြီးနောက် , သူမက စားပွဲကို ဆွဲယူပြီး သူမနဲ့အတူယူလာတဲ့ ဖယောင်းညှာတိုင်ကို ထောက်ထားလိုက်တယ် ။ ပြီးတော့ သူမက ကြေးညို ဖလား တစ်လုံးကို ထုတ်ယူပြီး
၎င်းကို စက္ကူမှတ်စု အချို့ဘေး၌ မထားခင်
ရေဖြည့်လိုက်တယ် ။

လော့လော့က ဘေးတစ်ဖက်မှာ ရပ်နေပြီး
ချောင်မိုယွီ ပြင်ဆင်နေတာကို သိချင်စိတ်ပြင်းပြစွာ စောင့်ကြည့်နေခဲ့တယ် ။ သူဟာ သူမ အလုပ်တွင် ပြသနာဖြစ်အောင် မလုပ်ပါဘူးလို့သူတို့ မထွက်လာခင်က သူမကို ကတိပေးခဲ့တာကြောင့် စကားတစ်ခွန်းတောင် အသံမထွက်ရဲဘူး ။

သူ့မျက်လုံးတွေက သိချင်စိတ်နဲ့ ပြူးကျယ်နေတာ တောင်, သူက စကားပြောတာ ဒါမှမဟုတ်လူပ်ရှားတာမျိုး မလုပ်ရဲဘူး ။

သူ့ဘေးတွင်, ဒါရိုက်တာက နှစ် နှစ် သုံးနှစ်
လောက်သာ ရှိသေးပုံရတဲ့ တောက်ကလေးလေးကို စိုက်ကြည့်ရင်း မကူနိုင်စွာ သက်ပျင်းချမိတယ်။

သူ့ရဲ့ တွေးခေါ်နိုင်စွမ်းက သူ၏ ကြံမိကြံရာ
အရဲစွန့်ခြင်းဖြင့် ရူပ်ထွေးသွားခဲ့တာကြောင့်
သူဟာ ဤ တောက် ဘုန်းကြီး နှစ်ပါး ပေါ်တွင်မျှော်လင့်ချက်ထားခဲ့တယ် ။ ချောင်မိုယွီ ဖယောင်ညှာတိုင်ကို မြှောက်လိုက်တဲ့အချိန်, ဒါရိုက်တာကသူတို့ကို ရပ်တန့်ခိုင်းဖို့ ဆိုတဲ့ ခံစားချက်မျိုး မရှိတော့ဘူး ။

' ကောင်းကင်က နက်မှောင်နေပြီး ကမ္ဘာမြေကြီးက ဖြူရော်နေတယ် ။ စကြဝဠာက ဖရိုဖရဲအရူပ်အပွ တစ်ခုထဲ ပုံစံတည်နေတယ်.... " ချောင်မိုယွီက သူမ အလင်းစဖွင့်တဲ့ အခါ ပြောလိုက်တယ်။
အမှန်တကယ်ကတော့, ဒီလို ရိုးရာဓလေ့တွေ မပါဘဲ တူညီတဲ့ အကျိုးသက်ရောက်မူတွေကို သူမ ဖန်တီးနိုင်သော်လည်း အခြားသူတွေ ရှေ့မှာတော့ပိုပြီး ပညာရှင်ပီပီသသ ဖြစ်နေ စေရန် အလို့ငှာ သူမ အဲ့ဒီတုန်းက လေ့လာခဲ့တဲ့ စာသားတွေကို
ရိုးရိုးရှင်းရှင်း ပဲ ရွတ်ဆိုလိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now