အခန်း ၁၀၇ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၂)

303 23 3
                                    

အခန်း ၁၀၇ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  February 4 ,  2024
=====================

အမျိုးသမီးတွေက ရေချိုးဆေးကြော တဲ့
အခါ သူတို့အချိန်တွေကို အမြဲတမ်း ယူလေ့
ရှိတယ်။ ချောင်ရုံဟွမ်က ရေချိုး မိတ်ကပ်
လိမ်း ပြီးနောက်, သူမ မျက်လုံးများထဲတွင်
ဝင်းဝင်းတောက်နေတဲ့ အေးစက်မူများနှင့်
မှန်ထဲမှ သူမရဲ့ လှပတဲ့ ရောင်ပြန်ကို ကြည့်
လိုက်တယ် ။

အမျိုးသားတွေက အကြင်နာမဲ့တဲ့
သက်ရှိသတ္တဝါ တွေပဲ။

၎င်းက စာအုပ်တစ်အုပ်မှာ ဖွဲ့ဆိုထားသလိုပဲ:
အမျိုးသားတိုင်းမှာ ဒီလို  အမျိုးသမီး
နှစ်ယောက် ရှိဖူးကြတယ်  – အနည်းဆုံး နှစ်ယောက်နော် ။ အနီရောင်နှင်းဆီကို လက်ထပ်ပြီးနောက်ဆုံး၌ သူမက နံရံပေါ်တွင် ပေကျံနေတဲ့
ခြင်သွေး ​ဖြစ်လာချိန် အဖြူရောင်တစ်ခုကတော့
" ငါ အိပ်ယာရှေ့က လရောင်လေး' ဖြစ်လာတယ်။ အဖြူရောင်နှင်းဆီကို လက်ထပ်ပြီး
မကြာခင်မှာပဲ သူမက မင်းရဲ့ အဝတ်တွေပေါ်မှာကပ်ညိနေတဲ့ ကောက်ညှင်းစေ့ တစ်စေ့ ဖြစ်သွားလိမ့်မယ်; အဲ့ဒီအချိန်မှာ အနီရောင်တစ်ခုက မင်းနှလုံးသား ပေါ်မှာ ရဲရဲနီနေတဲ့ အလှတရား အစွန်းအထင်း တစ်ခုပဲ" **

(**ET/N: Eileen Chang မှ  အနီရောင်နှင်းဆီ, အဖြူရောင်နှင်းဆီ... p.s. လရောင်ဖြူ = အချစ်ဦး)

အစပ်ိုင်းတွင်, ချောင်မိုယွီဟာ တစ်နေ့လုံး
ရှင်းရီချန်း အနီးတွင် ပျံသန်းနေတဲ့
ရွံရှာဖွယ် လိပ်ပြာ နှင့်တူသည်  ။ သူ့အတွက်
တော့ ဒီမိန်းကလေးဟာ ရွံရှာဖွယ်ကောင်းတဲ့
ခြင်သွေးထက် ဘာမှ မပိုဘူး ။

သို့သော်လဲ, ဤ အမျိုးသမီးက ရုတ်တရက်
ရှင်းရီချန်ရဲ့ အမြင် အောက်က လစ်ထွက်ပြီး
သူ့ကို ရန်စလာခဲ့တယ် ။ သူမက သူ့ရဲ့ လရောင်ဖြူ အဖြစ် ပြောင်းလဲဖို့ တကယ် ကြိုးစားနေတာလား?

ဟား ဟား, သူမ မှာ အခွင့်အရေး မရှိဘူး!

ချောင်ရုံဟွမ်က အခန်းအပြင်ကို ဖြည်းဖြည်း
ချင်း လမ်းလျှောက်သွားပြီး ရှင်းရီချန်းက
ပြတင်းပေါက် တွင်ရပ်ကာ ရူ့ခင်းကြည့်နေတာကို သတိပြုမိလိုက်တယ် ။ သူ့ရဲ့ အထက်တန်းစားပြုမူပုံက သူမတို့ပထမဆုံးတွေချိန်က နဲ့ အတူတူပဲ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now