အခန်း ၆၆ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၆)

718 113 3
                                    

အခန်း ၆၆ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၆)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  May 19,  2023 ( Friday )
========================

လူသိများတဲ့ ဘလော်ဂါ တစ်ယောက်ကလဲ
ရေးသားခဲ့တယ်: " အမှန်တကယ်ကတော့ ,
ချောင်မိုယွီက ရှင်းဂရုရဲ့ အဝင် အထွက်မှာ မတူညီတဲ့ ဝတ်စုံ ဘာကြောင့် ဖြစ်နေရလဲဆိုတာ အခြား အကြောင်းပြချက်တွေ ရှိနိုင်သေးတယ် ။ သူမက တကယ် ဥက္ကဌ ရှင်း နဲ့ တွေ့ခဲ့တာဆိုရင်ဘယ်သူ သိမှာလဲ,  မတော်တဆ သူမပေါ်ကို ဝိုင်နီတွေ ဖိတ်ကျသွားတာကြောင့်မဖြစ်မနေ သူမ အဝတ်အစားလဲလို​က်ရတာရော မဖြစ်နိုင်ဘူး
လား ။ ဒါမှမဟုတ်, ဥက္ကဌ ရှင်း ရေချိုးခန်းက ထွက်လာတာကို သူမ မမြင်တာကြောင့် မတော်တဆ သူမရဲ့ အဝတ်တွေ စိုသွား
ရပြီး အဝတ်အစားလဲဖို့ လိုအပ်လာတာရော မဖြစ်နိုင်ဘူးလား ။ ပြီးတော့ သူမက ဖက်ရှင်အဖြစ်ဘာလို့  အဝတ်အစား မလဲ ရမှာလဲ? အဆင့်မြင့် အမျိုးသမီး တစ်ယောက်ရဲ့ လိုအပ်ချက်က သာမန်လူတွေ နားမလည်နိုင်တဲ့ အရာဆိုတာ မြင်ရဖို့ အရမ်းလွယ်ကူတာပဲ"

သူမရဲ့ ပိုစ့်က ချက်ချင်းပဲ ပြင်းထန်တဲ့ ဝေဖန်မှတ်ချက်ပေးသူအချို့ကို ရူပ်ထွေးသွားစေသည့်အပြင် ချောင်မိုယွီ နဲ့ ယဲ့ဖေးချန် ရဲ့ ဓာတ်ပုံများနှင့် အွန်လိုင်းပေါ်က ကောလဟာလ တွေက တကယ်များလား _ တစ်နည်းအားဖြင့် ချောင်မိုယွီ နဲ့ ယဲ့ဖေးချန်က တကယ် ချစ်နေတာ ဖြစ်နိုင်လား ? ဒါမှမဟုတ် သူတို့က သူတို့ရဲ့ ဆက်ဆံရေးကနေ လူတွေရဲ့ အာရုံစိုက်မူကို လမ်းကြောင်း
ပြောင်းဖို့လား စသဖြင့် သူ့တို့အား အတွေးများစေ ခဲ့တယ် ။

ရလဒ်အနေနဲ့ ရှင်းရီချန်းရဲ့ ဖန်တွေဟာ Weiboပေါ်တွင် ဇဝေဇဝါ ဖြစ်နေကြပြီး ဘယ်သူ့ကို ယုံရမလဲ မသိကြတော့ဘူး ။ ထိုအချိန်တွင် သူတို့ဟာ အမျိုးသားနတ်ဘုရား ရဲ့ ဘလောဂ့်ပေါ်၌ စာများ ချန်ထားပြီး သူတို့က တကယ်အမှန်လားဆိုတာ သူ့ကို မေးမြန်ကြတော့တယ် ။

ထိုညနေခင်းတွင်, အဖွဲ့ဟာ အနီးနားက စားသောက်ဆိုင်၌ညစာ စားပြီး ပြန်လာတဲ့အချိန်ထိ အဖြေက မရှင်းမလင်း ဖြစ်နေဆဲ
ပဲ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now