အခန်း ၁၀၈ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၃)

311 27 4
                                    

အခန်း ၁၀၈ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  February 12 ,  2024
=====================

သူမက မိတ်ကပ် မရှိတဲ့အတွက်
မကြာသေးမီကမှ သူမ မျက်နှာသစ်
လာတာ ဖြစ်နိုင်တယ် ။
၎င်းက သူမ သူ့ဆီကို အလည်လာတဲ့
အချိန်တိုင်း မိတ်ကပ်အထူကြီး
လိမ်းလေ့ရှိတာနဲ့ မတူကွဲ
ပြားတယ် ။ အခု ၎င်းက ရှင်းလင်းနေကာ,
သူမ မျက်နှာပေါ်တွင် ဖုန်အမူန့်တွေမရှိဘဲ
သန့်စင်ပြီး ကြည်လင်နေပုံပေါ်တယ် ။ 
ဒီလိုနဲ့, သူမဟာ စည်းချက်ကျကျ
သံစဥ်တေးသွားတစ်ခုနောက်ကို
လိုက်နေသလို တောအုပ်ထဲမှ
တစ်လှမ်းပြီးတစ်လှမ်း လမ်းလျှောက်
ထွက်လာခဲ့တယ် ။

သူ့ရဲ့ အသက်ရူသံက မသိလိုက်ရပါဘဲ
နူးညံ့သွားရပြီး သူ့ရဲ့ စူးစိုက် အကြည့်က နီးကပ်လာတဲ့ သူမရဲ့ ပုံသဏ္ဍာန် နောက်ကို လိုက်နေခဲ့တယ် ။

သူမဟာ သူ့မြင်ကွင်းမှ အဝေး အခြား
ဦးတည်ရာကို သွားနေသည်အား
သူရှာတွေ့ လိုက်သည့် အထိသာ ။

သူမရဲ့ ရည်ရွယ်ချက်တွေကို သတိပြုမိတဲ့အခါ သူ့မျက်နှာပေါ်တွင် မကျေမနပ်
ဖြစ်နေတဲ့ အရိပ်အမြွက်တစ်ခု ပေါ်လာပြီး သူက ကျယ်လောင်စွာ အော်ခေါ်လိုက်တယ်,
" ချောင်မိုယွီ!"

သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်တွေက
သူမကို ခြေလှမ်းအနည်းငယ် အတွင်း အလျင်အမြန် ဖမ်းမိသွားကာ,
" တစ်စုံတစ်ယောက်ကို လိုက်တဲ့အခါ
မင်း ကန့်သတ်ချက်တွေကို သိသင့်တယ်!"

ဒါကို ကြားတဲ့အခါ ချောင်မိုယွီက ရုတ်တရက် ရယ်မောလာခဲ့တယ် ။

သူမက သူမစိတ်ကို ပြောင်းလဲလိုက်သလို သူမမျက်လုံးတွေက ဥာဏ်နီဉာဏ်နက်များ
တဲ့ အလင်းရောင် တောက်ပသွားတယ် ။

သူမက လှည့်ပြီး သူ့ကို မော့ကြည့်လိုက်ကာ,
" အဲ့တော့, အစ်ကို ရီချန်း, ကျွန်မ အောင်မြင်
ခဲ့လား?"

ဤတူညီတဲ့ ချစ်စနိုးခေါ်သည့် နာမည်ကို
ကြားတဲ့အခါ ရှင်းရီချန်းရဲ့ အသက်ရူသံဟာ
သူ့ရဲ့ လည်ချောင်းထဲမှာ ရပ်သွားတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now