အခန်း ၁၁၅ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၁)

134 15 0
                                    

အခန်း ၁၁၅ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
=====================

တိုက်ရိုက်ထုတ်လွှင့်မူ ကို ကြည့်နေကြတဲ့
ဖန်တွေဟာ ယဲ့ဖေးချန်က ငါးကို နောက်ထပ်
တစ်ကောင်ပြီး တစ်ကောင်အဆက်မပြတ်
ဖမ်းမိနေ တာကို မြင်ပြီးနောက်အလွန်အမင်း
စိတ်လူပ်ရှားနေကြတယ် ။

" အိုးမိုင်ဂေါ့ , ငါ့မိသားစုရဲ့ ယောကျာ်း
ရုပ်ရှင်ဧကရာဇ်ကလဲ ငါးဖမ်း ကျွမ်းကျင်
တာ ငါမသိဘူး ။ သူ ငါးဖမ်းနေတဲ့အချိန် သူ့ရဲ့ နောက်ကျောမြင်ကွင်းက အရမ်း ခန့်ညားတာပဲ!
ငါ သူ့ကို သေလောက်အောင် ချစ်တယ်!"

" ငါတို့ရဲ့ ချန်ယွီ စုံတွဲက အခြားစုံတွဲတွေနဲ့
ကွဲပြားတယ်လို့ ငါ အရင်က ပြောခဲ့ပြီးသား
ပဲ။ မိုယွီ နဲ့ ငါ့ယောကျာ်း ရုပ်ရှင်ဧကရာဇ်
နှစ်ယောက်လုံးက ငါးဖမ်း ကျွမ်းကျင်ကြတယ်။
သူတို့က လိုက်ဖက်တဲ့ စုံတွဲတစ်တွဲပဲ!"

" ဟုတ်တယ်, သူတို့က ထိပ်တန်း စုံတွဲပဲ! ဒါနဲ့,
ငါလဲ ချန်ယွီ စုံတွဲရဲ့ fan club ကို ဝင်မယ်!"

" စကားမစပ်, ဒီနေ့ CEO ရှင်းက နည်းနည်း
ကွဲထွက်နေတယ်လို့ မင်းတို့ မခံစားရဘူးလား?
သူက ကင်မရာမန်းထက်တောင် ပိုပြီး ခေါင်းရူပ်
နေတဲ့ပုံပဲ..."

" ဟုတ်တယ်, CEO ရှင်း က အစ်မကြီး ရုံဟွမ်
အပိုင် မဟုတ်ဘူးလား? သူက ငါတို့ရဲ့ ချန်ယွီ
အဖွဲ့ ဆီ ဘာလို့ ရောက် လာတာလဲ? သူက ဒီမှာ
ချန်းချန်ကို လိုက်ဖို့ ရောက်လာတာ ဖြစ်နိုင်
လား?"

" အထက်က မှတ်ချက်ရေ, တာဝန်မဲ့တဲ့
မှတ်ချက်တေတွေ မပြုလုပ်စမ်းပါနဲ့ ။ ငါတို့
ချန်းချန် က အဲ့ဒီ ဝန်ထုပ်ဝန်ပိုးကို မသယ်နိုင်ဘူး! ခိုက်ခိုက်တုန်နေတဲ့.jpg*"

" ဥက္ကဌ ရှင်း က ငါးစားချင်တာကြောင့် လာ join
တာဖြစ်ရမယ် ။ ကြည့်, CEO ရှင်း ငါးကို
စိုက်ကြည့်နေတဲ့ ဘယ်အချိန် မဆို, သူ့မျက်လုံး
တွေက လင်းလက် တောက်ပနေတာ"

" ဥက္ကဌ ရှင်းက အစားသမားတစ်ယောက်
ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now