အခန်း ၈၉ ။ အဖေတစ်ယောက်ရဲ့ ပုံစံ (၃)

957 71 0
                                    

အခန်း ၈၉ ။ အဖေတစ်ယောက်ရဲ့ ပုံစံ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  August 3  ,  2023 (    Thursday   )
========================

နယ်လှည့် လမ်းဖျော်ဖြေရေး မတိုင်ခင်
၇ မိနစ်၈ မိနစ် လောက်သာ ကျန်တော့
သည် ။ချောင်မိုယွီက စင်နောက်ကို ချက်ချင်း မသွားဘူး။ ထိုအစား, သူမက အလင်းရောင်အောက်
မှာ တစ်ယောက်တည်း ရပ်နေခဲ့တယ် ။

သူမက ဖုန်းကောလ်တစ်ခု ကို
စောင့်နေခဲ့တာ ။

လွန်ခဲ့တဲ့ နှစ်ရက်က, သူမ ရဲ့ မန်နေဂျာ,
အစ်မဝူက ချောင်မိုယွီ ကို ဧည့်သည်တစ်ယောက် အနေ
နဲ့ စာရင်းသွင်းဖို့  " ငါက သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်ပါ" ဆိုတဲ့ ပရိုဂရမ် တစ်ခုကို ဆက်သွယ်ခဲ့တယ် ။

သူမဟာ ဒီပရိုဂရမ်အကြောင်းကို  ဝတ္ထုထဲမှာ ဖတ်ခဲ့တာကြောင့် သိခဲ့ခြင်း ဖြစ်၏ ။
ဒါက အရာအားလုံးကို တစ်ကြိမ်တည်း
မှတ်တမ်းယူ ရိုက်ကူးပြီး ရိုက်ကူးထားတဲ့
ဗီဒီယိုတွေကို ထုတ်လွှင့်တဲ့ ရိူး အမျိုးအစား
ဖြစ်သည် ။ ၎င်းတွင် နောက်ဆက်တွဲ ရိုက်ကူး
ခြင်း နှင့် post ပြင်ဆင်ခြင်း နှစ်ခုလုံး ပါဝင်
သည် ။

ဤပရိုဂရမ်ကို ဒီလိုနည်းနဲ့ အတည်ပြုတာဟာဒါ ပထမဆုံး အကြိမ် ဖြစ်သော်လည်း
နောက်ပိုင်းတွင် ၎င်းက ပို ပိုပြီး ကျော်ကြားလာလိမ့်မယ် ။ ဒါက သရုပ်ဆောင်တွေအား သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမူ ကို အထောက်အကူ ပြုဖို့ အရမ်း အကူအညီ
ဖြစ်တယ် ။

ချောင်မိုယွီဟာ သူမရဲ့ သိသာထင်ရှားမူကို
ဖြစ်နိုင်သမျှ မြန်မြန် တိုးတတ်ချင်တယ် ပြီး
တော့ ဒါက ကောင်းမွန်တဲ့ စတင်မူ တစ်ခု ဖြစ်လိမ့်မယ် ။

ရိူး မစခင် ၅ မိနစ် ကျန်တဲ့အချိန်မှာပဲ သူမဖုန်းကနောက်ဆုံးတော့ မြည်လာခဲ့တယ် ။

အစ်မဝူရဲ့ နံပါတ်ကို မြင်တဲ့အခါ, သူမ ချက်ချင်း
ဖြေလိုက်တယ်, " အစ်မဝူ, ဘယ်လိုလဲ?"

" အောင်မြင်တယ် " အစ်မဝူက စိတ်အနှောက်အယှက် အနည်းငယ်နဲ့ ပြန်ဖြေလာခဲ့တယ် ။
" ငါ အဲ့ဒါကို ပရိုဂရမ် အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးနဲ့ အတည်ပြုပြီးသွားပြီး ။ အဲ့ဒါကို  ကြေညာလိမ့်မယ်, ဒါပေမဲ့–"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now