အခန်း ၂၇ : ကာကွယ်ပေးခြင်း (၃)

1.4K 184 3
                                    



Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; December 19 , 2022
==================

အချိုပွဲအချို့စားပြီး​နောက်​ , သူတို့သုံး​ယောက်
ဟာ ​ရေဝယ်​ဖို့ စူပါမားကတ်​ ကို သွားလိုက်​ကြတယ်​ ။ တန်းစီရတာ အရမ်းရှည်​တာ​​ကြောင့်​ ,
ချောင်​မိုယွီ က သူတို့ရဲ့ ကုန်​စုံပစ္စည်း​တွေကို
သွားယူ​နေစဉ်​ နာနီ ယွီ နဲ့ ​လော့​လော့ ကို
line မှာ ​စောင့်​ခိုင်းထားလိုက်​တယ်​ ။

ထိုအချိန်​မှာပဲ , ​ခေတ်​ဆန်​ဆန်​နဲ့ ဖက်​ရှင်​ကျကျ ဝတ်​ဆင်​ ထားတဲ့ မိန်းက​လေး အချို့က
လော့​လော့ကို ​ကျော်​ပြီး သူ့​​ဘေးက VIP
ကောင်​တာ တစ်​ခုကို သွားကြတယ်​ ။

ကောင်​တာရဲ့ ဝင်​​ပေါက်​မှာ ရှင်းဝမ်​ရွှမ်း ရဲ့
ကြော်​ညာဆိုင်းဘုတ်​ တစ်​ခုရှိ​နေ၏ ။

မိန်းက​လေး​တွေထဲက တစ်​​ယောက်​က ​မေးလာတယ်​ , " ဒါနဲ့ စကားမစပ်​ , ရွှမ်းရွှမ်းရဲ့
ဒရမ်​မာ အသစ်​ကို နင်​ ကြည့်​လိုက်​​သေးလား ?"

" ညက ငါကြည့်​တယ်​ , သူမက အရမ်း
လှတာပဲ !" အခြား မိန်းက​လေးက ပြန်​​ပြော
လာခဲ့တယ်​ ။

"ဟုတ်​တယ်​ , ဟုတ်​တယ်​ , ရွှမ်းရွှမ်းနဲ့ ရုပ်​ရှင်
ဧကရာဇ်​ရယ်​ကို အတူတူကြည့်​ရတာ အရမ်း
ကောင်းတာပဲ ! အဲ့ဒါက အပတ်​စဉ်​ ထုတ်​လွှင့်
တာမိုလို့ ငါတို့မှာဟယ်​ ​စောင့်​ရတာ အဆင်​မ​ပြေ ပါဘူး!"

" ဟုတ်​ပါ့ဟယ်​ , အခုကာလမှာ TV ဒရမ်​မာ
တွေကို အပတ်​စဉ်​ထုတ်​လွှင့်​​နေလို့ ​စောင့်​ဖို့
ကလွဲပြီး ​ရွေးစရာမရှိပါဘူး​ ... စကားမစပ်​,
ချောင်​မိုယွီ ဆိုတဲ့ သရုပ်​​ဆောင်​အသစ်​တစ်
ယောက်​ မ​နေ့က ​ပေါ်လာတယ်​!"

ဒါကို ကြား​တော့ , ​လော့​လော့က ရုတ်​တရက်
လှည့်​လာပြီး မိန်းက​လေး​တွေဆီကို လှည့်
ကြည့်​လာတယ်​ ။

" အိုး , နင်​​ပြော​နေတာ ဒရမ်​မာထဲက ရုပ်​ရှင်
ဧကရာဇ်​ ရဲ့ အချစ်​ဦးမလား? သူမက ကြည့်
ကောင်းတယ်​"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now