အခန်း ၅၉ ။ အလင်း ဖွင့်ခြင်း (၂)

788 114 6
                                    

အခန်း ၅၉ ။ အလင်း ဖွင့်ခြင်း (၂)


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 22  , 2023 ( Saturday  )
========================

ရုပ်ရှင်ရုံ အပြင်ဘက်၌ ,လူများဟာ အကြောင်းပြ
ချက်မျိုးစုံ နဲ့ လာရောက်ကြပြီး လက်မှတ်တွေ
ဝယ်ယူခဲ့ကြတယ် ။စင်ပေါ်မှ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာ ရုပ်ရှင်ရုံတံခါးကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မျက်နှာသစ် လူတွေအကြောင်းကို ထူးထူးခြားခြား သတိပြုမိခဲ့တယ်;
အဘွားတွေ, မိန်းကလေးငယ်လေးတွေနဲ့ အခြားသူတွေ , သူတို့ဟာ ပုံမှန်အားဖြင့် ဒီလို ရုပ်ရှင်မျိုး
ကို မကြည့်ဘူးဆိုရင်တောင်, ကြည့်ဖို့ အားလုံးဝင်
ရောက်လာကြပုံပေါ်တယ် ။

ရလဒ်အနေနဲ့, လစ်လပ်နေတဲ့ ထိုင်ခုံတွေဟာ
မကြုံစဖူး အမြန်နူန်းနဲ့ အားလုံး ပြည့်သွားတော့
တယ် ။ အောက်​က ပရိတ်သတ်တွေဟာ အတော်ကို စိတ်ပါဝင်စားနေကြတယ် ။ သူတို့ဟာ ရုပ်ရှင်ရဲ့ ပျင်းစရာကောင်းတဲ့ ဟာသတွေကိုတောင်
ချီးကျူးနေကြပြီး လေထုဟာ နွေးထွေးပြီး
ပျူငှာနေခဲ့တယ် ။

Premiere အဆုံးတွင်, ထိုင်ခုံတွေအားလုံး ပြည့်သွားသည် ။ ဒီအချိန်တွင်, ဒါရိုက်တာဟာ သူ
အိပ်မက် မက်နေသလို ခံစားလိုက်ရတယ် ။

နောက်စင်တွင်, သူ့ဖုန်းက ရုတ်တရက် မြည်လာတယ် ။ ၎င်းကို ဖြေလိုက်တဲ့အခါ, သူ့လက်ထောက်ရဲ့ စိတ်လူပ်ရှား နေတဲ့ အသံကို သူ
ကြားလိုက်ရတယ်: " ဒါရိုက်တာဝမ်! ကျွန်တော်ပြောပြမယ်! မြို့ထဲက ရုပ်ရှင်ရုံ ၁၂ ခုလုံးက ကျွန်တော်တို့ဆီကို အကြောင်းပြန်လာတယ် ကျွန်တော်တို့ရဲ့ ပထမဆုံး ထုတ်လွှင့်မူက ပြည့်သွားပြီလို့ ပြောတယ်! ဒီ့အရင် မိနစ် ၂၀ မှာပဲ
တစ်ကြိမ် တည်းနဲ့ ထိုင်ခုံတွေအားလုံး နီးပါး ရောင်းကုန်သွားတယ်တဲ့! အဲ့ဒါ တင်မကဘူး,
ကျွန်တော်တို့ နောက်ရက် အနည်းငယ်အတွက်
ကြိုရောင်းချတဲ့ လက်မှတ်တွေလဲ ရောင်းအား
ပြင်းထန်နေတယ်! ကျွန်တော် ဒေတာကို ကြည့်
လိုက်တာ! 20% 40% 70% ,သောက်ကျိုးနည်း
မကြာခင်ပဲ နောက်တစ်ပတ်အတွက် လက်မှတ်
တွေအားလုံး ရောင်းကုန်သွားတော့မယ်!
ကျွန်တော့် ဖုန်း တစ်ခုခု များ မှားနေတာလား ဒါမှမဟုတ် ကျွန်တော် အိပ်မက် မက်နေတာလား? "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now