အခန်း ၁၁၁ ။ ကိုယ့်နာမည်ခေါ်ပါ (၃)

279 21 3
                                    

အခန်း ၁၁၁ ။ ကိုယ့်နာမည်ခေါ်ပါ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 4   ,  2023 (  Monday  )
=====================
( အခုက စပြီး ရယ်ဖေးချန်ကို ယဲ့ဖေးချန်လို့
ပြောင်းသုံးမယ်နော်)

သူတို့က ဟိုတယ်သို့ အပြန်လမ်းပေါ်တွင်
ဘေးချင်းကပ် လမ်းလျှောက်သွားခဲ့ကြ
တယ် ။သူတို့ဟာ စိုက်ပျိုးမွေးမြူရေး
မြေနေရာ အသေးလေးတစ်ခုကို
ဖြတ်ကျော်လမ်းလျှောက်လာတဲ့
အချိန်, မညီညာတဲ့ လမ်းကြောင့်
ချောင်မိုယွီ ခလုတ်တိုက်မိသွားခဲ့တယ်။
သူတို့ရဲ့ လက်တွေဟာ ပါးလွှာတဲ့အဝတ်
တွေကို ဖြတ်ပြီးတစ်ယောက်နဲ့တစ်ယောက် မတော်တဆ ထိမိသွားကြရာ ။ သူတို့ လက်မောင်းတွေ ထိသွားတဲ့အချိန်,
သူတို့နှစ်ဦး လုံးဟာ  ပေါ့ပါးတဲ့ အထိအတွေ့မှ လျှပ်စီးလမ်းကြောင်း တစ်ခု
ဖြတ်သန်းသွားသလို ခံစားလိုက်ရတယ် ။

ချောင်မိုယွီဟာ အထိအတွေ့က အနည်းငယ်
ထူးဆန်းနေသလို ခံစားရတာကြောင့်
ဘေးဘက်ကို နည်းနည်းရွှေ့လိုက်တယ် ။

သို့သော်လည်း, လမ်းက ကျဥ်းသော
ကြောင့် သူမ လဲကျလုနီး ဖြစ်သွားခဲ့ရတယ်။

သူမဘေးတွင် ,ယဲ့ဖေးချန် ဟာ သူ့လက်ကို
အမြန် လှမ်း ပြီး သူမကို သူ့ဆီသို့ ဆွဲလိုက်တယ်။သူမရဲ့ နူးညံ့ တဲ့ ခန္ဓာကိုယ်က သူ့ရဲ့
မာကျောတဲ့ ရင်ဘက်နဲ့ တိုက်မိသွားတော့တယ်။

သူမက ခေါင်းမော့ပြီး,
" အစ်ကိုကြီး... ယဲ့"

သူမလေသံက အရမ်း နူးညံ့ နေပြီး
ညအချိန် ကျန်းနန် မှာ မိုးရွာတဲ့ အသံလိုပဲ။

ယဲ့ဖေးချန် ရဲ့ လည်စလုတ် က အနည်းငယ်
လူပ်ရှားသွားပြီး,
" မိုယွီ, မင်းမှာ အခက်အခဲ တစ်စုံတစ်ရာရှိရင် မင်းကိုယ့်ကို လာ ရှာနိုင်တယ် ။
ရှင်းရီချန်းကို ရန် သွားမစ နဲ့ "

အနာဂတ်မှာ သူမ အနေနဲ့ ရှင်းရီချန်း ကို
ဘာအကြောင်းနဲ့မှ 'သတိပေး'ဖို့ 
မလိုအပ်ဘူးလို့ ချောင်မိုယွီယုံကြည်တယ်။ အမှန်တရားကို ရှင်းရီချန်း ရှာမတွေ့ခင် အချိန်အနည်းငယ် ကြာလိမ့်မယ်လို့
သူမ ယုံကြည်တာကြောင့် တုံ့ပြန်တဲ့
အနေနဲ့ သူမ ခေါင်းငြိမ့်လိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now