အခန်း ၅၀ ။ ဆံပင် ဆွဲခြင်း (၂)

1K 161 2
                                    

အခန်း ၅၀ ။ ဆံပင် ဆွဲခြင်း (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 22,   2023 (Wednesday)
========================

အဲ့ဒါ ချောင်ရုံဟွမ်! သူမက လူရွေးပဲလာတယ်!ပြီးတော့, သူမ​နောက်က ဝတ်စုံပြည့် ဘောင်းဘီရှည်နဲ့ ဆွေကြီးမျိုးကြီး အထက်တန်းစား စိတ်နေသဘောထားနဲ့ အဲ့ဒီ အမျိုးသား,  သူက ရှင်းရီချန်း မဟုတ်ဘူးလား ?

စုံတွဲဟာ အထဲကို လျှောက်ဝင်လာပြီး ,လစ်လပ်နေ တဲ့ နေရာကို တည့်တည့် သွားကြတယ် ။
ချောင်ရုံဟွမ် က ချောင်မိုယွီ ကို ကျော်ဖြတ်
သွားတဲ့အခါ သူမက ရုတ်တရက် သိကျွမ်းသလိုအံ့အားသင့်နေတဲ့ အသံနဲ့:
" မိုယွီ, နင် လူရွေးပွဲလာတာလား?"

ချောင်ရုံဟွမ် နဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အချိန် ဘယ်လို သဘောထားမျိုး ပြသရမလဲ ချောင်မိုယွီမသိဘူး ။ သို့ပေမဲ့ သူမ ဒိုင်ယာရီ ထဲက မူလပိုင်ရှင် နဲ့ အမျိုးသမီးဇာတ်လိုက် က တစ်ယောက်နဲ့ တစ်ယောက် အစေးမကပ်ကြဘူးဆိုတာ သူမမှတ်မိတယ် ။

ချောင်ရုံဟွမ် က တကယ် အံ့အားသင့်သွားတာလား ဒါမှမဟုတ် သူမတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်ဆိုတာ လူအုပ်ကြီးကို တမင်သက်သက်ပြသပြီး ထို့ကြောင့်ပဲ သူမ နှစ်ဦးကြားက ကွာခြားလှတဲ့ ထင်ပေါ်ကြော်ကြားမူကို မီးမောင်းထိုးပြလို့ သူမကို အရှက်ရစေချင်တာလားဆိုတာ သူမ မသိဘူး။ချောင်မိုယွီ က သာမန်ပဲ မော့ကြည့်ပြီး သူမကိုပြုံးပြလိုက်တယ်:
"နိဟောင် "

ချောင်ရုံဟွမ် ကို ကြည့်ရတာ သူမရဲ့ တုံ့ပြန်မူ
ကို နည်းနည်း အံ့အားသင့်သွားပင်မဲ့ တစ်ခဏလေးမှာ သူမ ဟာ တည်ငြိမ်အေးဆေးမူကို ပြည်လည်ရောက်ရှိသွားတယ် ။ သူမက
ချောင်မိုယွီ ကို ခေါင်းငြိမ့်ပြပြီး   ရှင်းရီချန်း ရဲ့ လက်မောင်းကို ချိပ်လိုက်ကာ သူမဘေးတွင် ထိုင်ချလိုက်တယ် ။
(ကြာပန်းဖြူ လက်ဖက်စိမ်း မကြီးဟ 🤢)

ရှင်းရီချန်း ရဲ့ မျက်လုံးတွေက အေးစက်စွာနဲ့
အဝေးကို လှည့်မသွားခင် ချောင်မိုယွီ အပေါ်
ပေါ့ပါးစွာ ဖြတ်ကျော်သွားတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now