အခန်း ၄၈ ။ အတိတ် (၃)

1K 149 2
                                    

အခန်း ၄၈ ။ အတိတ် (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March  16 , 2023
========================

ချောင်မိုယွီရဲ့ နှလုံးသားအောက်ခြေကနေ
ဆက်စပ်နေတဲ့ ထင်မြင်ချက်တစ်ခု ရှိလာတယ်။
ရှင်းရီချန်း က သူအသက် ၁၇ နှစ်အရွယ်မှာ
သူ့ကို ကယ်တင်ခဲ့တဲ့သူက မူလပိုင်ရှင်အစား
ယုရုံဟွမ်လို့ တွေးပြီး အစပိုင်းမှာ သူ့ကို ကယ်တင်
ခဲ့သူက ဘယ်သူဆိုတာ မှားယွင်းတဲ့ ထင်မြင်ချက်
ရှိနေနိုင်လား?

သူမ အဲ့ဒါကို ပိုတွေးလေ ဖြစ်နိုင်ချေရှိတယ်လို့
သူမ ပိုပြီးခံစားလာရလေပဲ ။ ဒါ့အပြင်, မူလပိုင်ရှင် ရဲ့  ဒိုင်ယာရီထဲမှာ သူမရဲ့ ကုသမူမှ  ပြန်လာပြီးနောက် ရှင်းရီချန်းဟာ သူမကို  အရမ်း   လျစ်လျူရူ့ကာ အေးစက်တယ်လို့ သူမ ပြော
ထားတယ် ။

ယုရုံဟွမ် က သူ့အသက်ကို ကယ်တင်ခဲ့တယ်
လို့ ရှင်းရီချန်း က ခန့်မှန်းခဲ့တာဆိုရင်, အဲ့ဒါက
သူမ လားလို့ သူ သူမဆီသွားပြီး အတည်မပြု
သင့်ဘူးလား? သူ မေးတာ ဖြစ်နိုင်လား?

ဒါဆို တနည်းပြောရရင်, ယုရုံဟွမ် က
အစပိုင်းမှာ ရှင်းရီချန်းကို ကယ်တင်ခဲ့တဲ့ တစ်ယောက်က သူမပါလို့ တမင်သက်သက်ရည်ရွယ်
ပြီး ဝန်ခံခဲ့တာပေါ့ ။

ဒီလိုဆို ဒီအမျိုးသမီးက...

ချောင်မိုယွီ ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး အဖြစ်အပျက် များကို စီစစ်ပိုင်းခြားနေစဥ်
လော့လော့က သူ့လက်မောင်းတွေထဲမှာ အရုပ်
တွေ အပြည့်နှင့် သူ့နာနီ ဆီကို သွားခဲ့တယ် ။
သူက တခစ်ခစ် ရယ်မောရင်း သူ့ရဲ့ နူးညံ့ပြီး
ချစ်စရာကောင်းတဲ့ အသံလေးက ဧည့်ခန်းကနေ
ပဲ့တင်ထပ်နေခဲ့တယ် ။

ချောင်မိုယွီ က လော့လော့ကို စက္ကန့်အတော်
ကြာ စိုက်ကြည့်နေပြီးနောက်, မူလပိုင်ရှင် ရဲ့
ရေးသားချက်ထဲက ဟိုတယ်အကြောင်းကို
အမြန် ပြန်ကြည့်လိုက်တယ် ။ ရုတ်တရက်
သူမ နှလုံးသားက ဒရမ်တစ်ခုလို စတင် ခုန်လူပ်
လာတယ် ။

သူမရဲ့ နှစ်နဲ့ချီပြီး ဝတ္ထုတွေဖတ်လာတဲ့ အတွေ့
အကြုံအရ, ဟိုတယ်ထဲက အမျိုးသားဟာ ပုံမှန်
မဟုတ်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ရမယ် ။
ဒါက ပြောရရင် သူ ဆေးခတ် ခံရတာ ဖြစ်လိမ့်
မယ်!

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now