အခန်း ၁၀၀ ။ စားသောက်ပွဲ (၁)

336 30 0
                                    

အခန်း ၁၀၀ ။ စားသောက်ပွဲ (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  January 8  ,  2024 (Monday)
======================

ရှင်းဝမ်ရွှမ်း က ရှင်းရီချန်း ရောက်လာဖို့ကို
အကြာကြီးကတည်းက မျှော်လင့်နေခဲ့တာ
ကြောင့်, အဝေးတစ်နေရာမှ လျှပ်တစ်ပြက်
မီးရောင်ကို သတိပြုမိတဲ့ အချိန် ,သူမရဲ့
စိတ်မချမ်းသာတဲ့ အမူအရာက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မျှော်လင့်စောင့်စားခြင်းများနှင့် အစားထိုးသွားခဲ့တယ် ။

ထိုအခိုက်အတန့်တွင်, ပရိုဂရမ်က သုံးခု သီးခြားခွဲထားတဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်ထားပြီး ကြီးမားတဲ့ တိုက်ရိုက်ထုတ်လွှင့်မူ တစ်ခုတည်းကို ပြောင်းလိုက်တယ် ။ စက်ခရင်ပေါ်က မှတ်ချက်တွေဟာ စိတ်လူပ်ရှားမူနဲ့ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်တယ် ။

" အစပ်ချောင်း တစ်ထုတ် ငါလောင်းတယ်
ဧည့်သည်တွေထဲက တစ်ယောက်က သေချာပေါက် စီအီးအို ရှင်း ပဲ! အခုလေးတင်ပဲ အစ်မကြီး ရုံဟွမ်
က ချစ်မြတ်နိုးနေတဲ့ အမူအရာရှိနေတာ ကို ငါ သတိပြုမိလိုက်တယ်! "

" ဟုတ်တယ်, ဟုတ်တယ်, ဟုတ်တယ်!
ရွှမ်းရွှမ်း အကြည့်တွေက အရမ်း စိတ်လူပ်ရှား နေကတည်းက  စီအီးအို ရှင်း လာမှာပဲ ဖြစ်ရမယ်!"

" အိုးမိုင်ဂေါ့, အဲ့ဒါက ဥက္ကဌ ရှင်း ဆိုရင်,
ဒီအပိုင်းရဲ့ အစီအစဥ် က အရမ်းကို
အင်အားကြီး လွန်းတယ်!"

" သူတို့ထဲက တစ်ယောက်က စီအီးအို ရှင်း
ဆိုရင်, အခြားတစ်ယောက်က နာမည်ကြီး
တစ်ယောက် ဖြစ်ရမယ် ။ မကြာသေးခင်က,
အမျိုးသား ဧည့်သည်တွေဟာ reality show ဖျော်ဖြေမူမှာ တစ်ခါမှ မပါဝင်ဖူးဘူးလို့ ပရိုဂရမ်အဖွဲ့က ပြောခဲ့တယ် ။ ဒါဆို, အခြား ဧည့်သည်က ရုပ်ရှင်ဧကရာဇ်ယဲ့
မဖြစ်နိုင်ဘူးလား, ဟုတ်တယ်ဟုတ်?"

" ဖြစ်နိုင်လို့လား? ရုပ်ရှင်ဧကရာဇ်ယဲ့က
reality show တစ်ခုမှာ ဘာလို့ ပါဝင်မှာ
လဲ? ငါတို့လဲ ဧည့်သည်တွေက ဘယ်သူတွေ
ဖြစ်မလဲ စိတ်လူပ်ရှားနေပေမဲ့, သူ့အနေနဲ့
ပါဝင် ဖို့ တော့ မဖြစ်နိုင်ဘူး..."

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now